အိပ်နေရင်းနဲ့ယောင်ပြီး Airpod ကို မြိုချမိခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ထိုင်ဝမ် ၊ Koaohsiung မြို့မှာနေထိုင်တဲ့ Hsu ဆိုတဲ့အမျိုးသားဟာ အိပ်ပျော်နေစဉ်အတွင်း ယောင်ပြီး သူ့ရဲ့ AirPod ဖြူဖြူလေးကို မြိုချမိခဲ့ပါတယ်။
နိုးလည်းနိုးလာရော နားကြပ်ပျောက်လို့ လိုက်ရှာနေခဲ့ရာမှ သူ့ဗိုက်ထဲကနေ အသံတွေမြည်နေတာကို သတိထားမိတော့တယ်။ ဗိုက်ထဲရောက်နေတာကို သတိထားမိချင်းချင်းပဲ ဆေးရုံကိုအမြန်ပြေးခဲ့ရပါတယ်။

ဆရာဝန်က သူ့ကိုစစ်ဆေးကြည့်တော့ ဗိုက်ထဲမှာ အခြေအနေကောင်းတယ်။ ဆေးပေးပြီး ၂ရက်နေရင် ဝမ်းသွားမယ်လို့ ဆိုပါတယ်။ ဆရာဝန်ပြောတဲ့တိုင်းပဲ ဝမ်းထဲမှာ နားကြပ်ဖြူလေးတွေပြန်ပါလာခဲ့ပါတယ်။

 

ရေသေချာဆေးချပြီး ပြန်သုံးကြည့်တော့ အကောင်းတိုင်းရှိနေဆဲပဲတဲ့။ တော်တော်အကြမ်းခံတဲ့Airpod လေး။

Zawgyi



Be the first to comment

Leave a Reply

Your email address will not be published.


*