
Rizza Jane Robles Paragasအမည်ရတဲ့ အမျိုးသမီးဟာ ၂၀၁၂တုန်းက လူတိုင်းသတိမထားမိခဲ့တဲ့၊ အလှောင်ခံရ၊ သဘောကျမယ့်ယောကျာ်းလေးမရှိခဲ့တဲ့ ခပ်ဝဝရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ။ သူမဟာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် အမြဲလိုလို အနိုင်ကျင့်ခံကသူတစ်ဦးလဲဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်က Rizzaဟာ သူမရဲ့ ၂၀၁၂ကနေ ၂၀၁ရအထိ ဓာတ်ပုံတွေကို အင်တာနက်မှာ ခေါင်းစဉ်တစ်မျိုးစီတပ်ပြီးတင်ခဲ့ပါတယ်။ သူမကိုယ်သူမပြောင်းလဲခဲ့တာဟာ အင်တာနက်အသုံးပြုသူတိုင်းကို အံ့အားသင့်စေခဲ့တဲ့အရာပါပဲ။
Rizza ဟာ ၀ိတ်ချဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး သုံးကြိမ်မြောက်ကြိုးစားတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့အိပ်မက်ကတော့ ဗိုက်ကြီးသည်လို့အခေါ်မခံရဘဲ ဂေါင်ဝန်လှလှလေးတွေကိုဝတ်ချင်တာပါ။
Rizzaဟာ ပိန်ဆေးသောက်ပြီး အားကစားပြုလုပ်တဲ့နည်းနဲ့ပဲ ၀ိတ်ချခဲ့တာဖြစ်ပါတယ်။ သူမဟာ ၀ိတ်လျော့ကျတာကို တပ်မက်ပြီး အစားမစားဘဲနေတာများလွန်းတာကြောင့် အာဟာရမရှိလို့ ဆံပင်တွေကျွတ်လာတဲ့အထိပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Rizzaဟာ လှပတဲ့ခန္ဓာကိုယ်နဲ့ ယောကျာ်းတိုင်းသဘောကျရတဲ့ မိန်းကလေးဖြစ်နေပါပြီ။
Leave a Reply