ရွှေဈေးနှုန်းအဆမတန်ထိုးကျနေမှုကြောင့် ကိုဗစ်တောင်မရှောင် ရွှေအလုအယှက်ဝယ်ယူနေခဲ့ကြတဲ့အဖြစ်

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၈ရက်နေ့က မလေးရှားနိုင်ငံရဲ့ရွှေတစ်ကီလိုကို ရင်းဂစ် ၂၂၃( ၇၂,၁၀၀ကျပ်)မှရင်းဂစ်၂၃၄(၇၅,၇၀၀ကျပ် )အကြားအထိ ရွှေဈေးနှုန်းကျဆင်းမှုဟာ Kota Bharuမြို့ရှိရတနာရွှေဆိုင်များစွာမှာ လူအများအပြားစုရုံးသွားစေခဲ့ပါတယ်။ရွှေဝယ်သူတွေဟာ နံနက်၉နာရီခန့်မှစပြီး ရွှေဆိုင်တွေမှာ ပြည့်နှက်နေခဲ့ကြသလို ရွှေဝယ်သူတွေက maskတွေတပ်ထားကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်၆ပေမခြားထားတဲ့အပြင် ဆိုင်ရှင်တွေက သူတို့ရဲ့ဖောက်သည်တွေအား

ဆိုင်သေးသေးလေးတွေထဲ ရွှေဝင်ရွေးဖို့ ခွင့်ပြုပေးထားကြပြီး အထူးသဖြင့် Kelantanပြည်နယ်မှာ COVID-19 ဖြစ်ပွါးမှုမြင့်တက်လာနေတာကို အဆိုပါလူတစ်အုပ်က မေ့လျော့နေကြပုံပါဘဲ။အသက်၄၀အရွယ် Rosnani Abdul Rahmanအမည်ရှိတဲ့ရွှေဝယ်သူအမျိုးသားတစ်ဦးက Pasir Masမြို့ထက် ရွှေဈေးပေါနေတာကြောင့် Kota Bharuမြို့ကို အမြန်လာခဲ့တာဖြစ်ပြီး အခြေအနေက လူအရမ်းများနေလို့ ရွှေကြည့်ဖို့ မိနစ်၃၀လောက်ရပ်စောင့်နေခဲ့ရပါတယ်တဲ့။မလေးရှားနိုင်ငံရဲ့ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ဒီနေ့ထိအနိမ့်ဆုံးအထိကို ဈေးအသေကျနေခဲ့တာပါ။

Pasar Siti Khadijahဈေးရဲ့ဆိုင်ရှင်တစ်ဦးဟာ နိုဝင်ဘာ၂၈ရက်နေ့တုန်းက လက်ခံရရှိတဲ့ပစ္စည်းတွေအပါအဝင် ကျန်ပစ္စည်းတွေအကုန်ရောင်းကုန်ခဲ့ပြီး သူတို့က COVID-19 စည်းကမ်းတွေကို လိုက်နာခဲ့ပေမဲ့ ဖောက်သည်တွေက အလုအယှက်ဝင်တိုးလာခဲ့တာကြောင့် သူတို့ကတရားခံဖြစ်သွားခဲ့ကြောင်း ဆိုထားပါသေးတယ်။အဲ့လိုဖြစ်ရပ်တွေကြောင့် ဒီနေ့ကစပြီး သက်ဆိုင်ရာအရာရှိတွေက အဆိုပါဈေးဧရိယာတစ်ဝိုက်ကို စစ်ဆေးစောင့်ကြည့်ခဲ့ကြရပါတယ်။Kelantanပြည်နယ် ရဲမှူးချုပ် Shafien Mamat က ရောဂါကူးစက်မှုအရှိန်မြင့်တက်နေဆဲမို့ ရွှေဆိုင်ပိုင်ရှင်တွေအပါအဝင်ပြည်သူလူထုတွေအား လောဘမကြီးဖို့နဲ့ COVID-19 စည်းကမ်းချက်တွေကို အာရုံစိုက်လိုက်နာဖို့ သတိပေးခဲ့ရပါတယ်။

အဆိုပါရဲမှူးက နိုဝင်ဘာ ၂၈ရက်နေ့ကတည်းက အဆိုပါမြို့ရှိရွှေဆိုင်ပိုင်ရှင်တွေအား တိုင်တန်းထားတဲ့အမှုပေါင်း ၉ခုရှိနေပြီး”လူတွေက ရွှေဝယ်ချင်နေတာကို ကျွန်တော်တို့သိပါတယ် ဒါပေမဲ့သူတို့တွေ mask သေချာတပ်ပြီး စနစ်တကျနဲ့ social distancing လည်းလုပ်ဆောင်ကြဖို့လိုတယ်”လို့ ဆိုထားပါတယ်။ဒီကနေ့မှာတော့ ရဲတွေက အဆိုပါမြို့ကိုစောင့်ကြည့်ခဲ့ကြပြီး အကယ်လို့ ရောဂါရဲ့စည်းကမ်းအတိုင်းလိုက်နာမှုမရှိတာကိုတွေ့ရင်တော့ ချက်ချင်းအရေးယူခဲ့ကြပါတယ်။ဒါ့အပြင် ပြည်နယ်ကျန်းမာရေး ဦး စီးဌာန (JKN) ၏ဒါရိုက်တာ Datuk ဒေါက်တာ Zaini Hussinကလည်း လက်ရှိ Kelantan ပြည်နယ်မှာ ရောဂါအခြေအနေမြင့်တက်နေသေးတာကြောင့် ရွှေဝယ်သူတွေနဲ့ရောင်းချသူတွေကို COVID-19 ရောဂါကာကွယ်တဲ့လုပ်ထုံးလုပ်နည်း(SOP)အား အာရုံစိုက်ကြဖို့သတိပေးခဲ့ရပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*