စက်လှေကား ဝါးမြိုခြင်းခံရတဲ့ တရုတ်မိန်းကလေးရဲ့ သနားစရာအဖြစ်ဆိုး (ရုပ်သံ)

သိပ္ပံပညာတွေ တစ်စပြီး တစ်စထွန်းကားလာတဲ့ခေတ်မှာ လူတွေဟာ သူတို့ရဲ့လူနေမှုပတ်ဝန်းကျင်မှာ တီထွင်ထားတဲ့ စက်ကိရိယာ၊ ယန္တရားတွေကို အကူအညီယူလာခဲ့ရပါပြီ။ ဒါပေမယ့် ကောင်းတဲ့တီထွင်မှုတွေရှိသလို ဆိုးတဲ့တီထွင်မှုတွေလည်းအများအပြားပါပဲ။ အဲဒီထဲကမှ သိပ္ပံပညာတီထွင်မှုရဲ့ ရလဒ်တစ်ခုကတော့ အလွန်ကိုပဲ သနားစရာကောင်းတဲ့အဖြစ်ပါ။


တရုတ်နိုင်ငံ၊ Jinzhouမြိ့မှာနေထိုင်တဲ့ သားတစ်ယောက်ရဲ့ မိခင် တရုတ်မိန်းကလေးတစ်ဦးဟာ စက်လှေကားရဲ့ ချို့ယွင်းချက်ကြောင့် မဆုံးရှုံးသင့်တဲ့အသက်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကို CCTVမှာမှတ်တမ်းတင်ထားပြီး အွန်လိုင်းမှာနာမည်ကြီးတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။


အဆိုပါအသက်ဆုံးရှုံးရတဲ့ တရုတ်အမျိုးသမီးဟာ ကုန်တိုက်တစ်ခုမှာ သားဖြစ်သူနဲ့အတူ ဈေးလာဝယ်ရင်း ကုန်တိုက်ရဲ့စက်လှေကားကို စီးခဲ့တာပါ။ ရုတ်တရက် စက်လှေကားဟာ ချို့ယွင်းချက်တွေရှိခဲ့ပါတယ်။ အမျိုးသမီးနဲ့ သူရဲ့သားဖြစ်သူတို့ဟာ ကုန်တိုက်နောက်တစ်ထပ်ကို ရောက်ခါနီးခါမှ စက်လှေကားဟာ ရုတ်တရက်ပြိုကျခဲ့ပြီး မိခင်ဖြစ်သူမိန်းကလေးကိုါးမြိုသွားခဲ့ပါတယ်။


ကလေးဖြစ်သူကိုတော့ ကံကောင်းလို့ အရောင်းဝန်ထမ်းနှစ်ဦးက မြန်မြန်ဆန်ဆန်ဆွဲတင်နိုင်ခဲ့လို့ အသက်ကယ်နိုင်ခဲ့ပါတယ်။ အရောင်းဝန်ထမ်းနှစ်ဦးဟာ တွဲလောင်းဖြစ်နေတဲ့ မိန်းကလေးကို ကယ်ဖို့ကြိုးစားခဲ့သေးပေမယ့် စက်လှေးကားရဲ့ဆွဲချတဲ့အရှိန်ကို မနိုင်တာကြောင့် ဘယ်လိုမှမကယ်နိုင်ခဲ့ပါဘူး။


တကယ်တော့ စက်လှေးကားဆိုတာ ခရီးအမြန်တွင်ဖို့ လူတွေအတွက် အသုံးဝင်တဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ဖက်မှာ လည်း လူတွေရဲ့ အသက်အန္တရာယ်ပေးနိုင်တယ်ဆိုတာ သတိထားမိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ စက်လှေကား မစီးဘဲ ရိုးရိုးလှေးကားနဲ့တက်တာ ကျန်းမာရေးအတွက်လည်းကောင်းသလို အသက်အန္တရာယ်ကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*