
ထက်မြက်ပြီးလှပလွန်းလို့ ဟော့အဖြစ်ဆုံးဆရာမအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၈နှစ်အရွယ်မိန်းကလေး
တစ်ကယ်တမ်း ဆရာသမားတွေဟာ အချို့ကျောင်းသားတွေရဲ့ပထမဦးဆုံး crushတွေပါ။ကျောင်းမှာ နေ့တိုင်းသူတို့ကိုတွေ့ရတယ်၊ သင်ခန်းစာမှာသူတို့ကိုယ်ရည်ကိုယ်သွေးတွေထည့်သွင်းပုံနဲ့ သူတို့အကြောင်းကို ပိုသိလာပြီး ကျွန်တော်တို့ကို အားပေးမှုတစ်ချို့ပေးခြင်းဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာစေပါတယ်။ဒါပေမဲ့ ကျောင်းရဲ့စနစ်စည်းကမ်းတွေကြောင့်
လူအချို့ဟာ ဆရာသမားတွေက ဟောင်းနွမ်းပြီး ဆွဲဆောင်မရှိဘူးလို့ယုံကြည်ထားတတ်ကြပါတယ်။တစ်ကယ်တော့ အဲ့အတွေးက မှားနေပါပြီ။ထိုင်ဝမ်နိုင်ငံရှိ Cheng Jhia-wen အမည်ရှိတဲ့အခုဆရာမလေးကတော့ ဟော့အဖြစ်ဆုံးဆရာမအဖြစ် လူသိများကျော်ကြားနေပါတယ်။Chengဟာ Taipeiမြို့ Chien Hsin သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ အခြေခံစီးပွါးရေးနဲ့အသိပညာဆိုင်ရာပစ္စည်းတွေအကြောင်းကို သင်ကြားပေးနေပါတယ်။
Chengဟာ တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံနဲ့စာသင်နေတဲ့ဓာတ်ပုံကြောင့် အင်တာနက်မှာလူသိများလာခဲ့ပြီး သူမရဲ့Instagram မှာ follower ၁သိန်းကျော်အထိတိုးသွားခဲ့ပါတယ်။Chengရဲ့အလှအပဟာ သူမရဲ့တစ်ခုတည်းသော ရတနာမဟုတ်သေးပါဘူး။သူမဟာ သိပ္ပံနှင့်နည်းပညာ ဥပဒေ၊ကူးသန်းရောင်းဝယ်ရေး ဥပဒေ နဲ့ တရားဥပဒေ
စိုးမိုးရေးစတဲ့ဥပဒေဆိုင်ရာဘွဲ့တွေရထားပြီး အမှန်တကယ် လှပပြီးထက်မြက်သူတစ်ဦးပါ။Chengရဲ့Instagram အရ သူမဟာ ဂီတတူရိယာတွေကိုလည်း စိတ်ဝင်စားပုံပါဘဲ။သူမဟာ စန္ဒားတီးတာ ၊တယောထိုးတာတွေလုပ်တဲ့ဗီဒီယိုတွေကို မကြာခဏလည်း မျှဝေတတ်ပါသေးတယ်။
Chengဟာ ဖက်ရှင်ပိုင်းလည်း စတိုင်ကျနေပါသေးတယ်။Chengရဲ့Instagram ဓာတ်ပုံတွေကိုကြည့်ရင် သူမက နာမည်ကြီးတစ်ယောက် ဒါမှမဟုတ် မော်ဒယ်တစ်ဦးလို့ထင်မိသွားပါလိမ့်မယ်။Netizenတွေက Chengရဲ့အလှတရားကို အရမ်းစွဲလန်းလွန်းလို့ သူမဆရာမဖြစ်နေရင် နောက်တစ်ခေါက်ကျောင်းပြန်တက်ချင်နေကြပါတယ်။”သူမ အရမ်းလှတယ်။
တကယ့်တကယ်ကို လှတဲ့ဆရာမဘဲ။ငါ ဘွဲ့ကောရသွားပြီလားကြောင်း။ ကျောင်းသားတွေ စာကိုဘယ်လိုတောင်အာရုံစိုက်ကြတာပါလိမ့်။ဒါမှ လှပထက်မြက်တဲ့လို့ခေါ်တာ။”စတဲ့ မှတ်ချက်တွေပေးရင်း ထိုင်ဝမ်အမျိုးသားထုကြီးကတော့ အရမ်းတွေကျောင်းပြန်တက်ချင်နေခဲ့ကြပါတယ်။
Leave a Reply