သင့်ဘဝရဲ့ ဒီအကြောင်းအရာ (၄) ခုကို ဘယ်တော့မှ အွန်လိုင်းပေါ်မတင်ပါနှင့်

ဒီနေ့ခေတ်ကြီးကတော့ လူမှုကွန်ယက်ခေတ်ဆိုတော့ လူတိုင်း ကိုယ့်ခံစားချက်တွေ အကြောင်းအရာတွေကို ဖြစ်သမျှအကြောင်းတွေအကုန် လူမှုကွန်ယက်ပေါ် တင်နေတတ်ကြတာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ ဆင်ခြင်သင့်တဲ့အရာတွေလည်းရှီနေပါတယ်။ ဘာလို့လဲဆိုတော့ သင့်ကိုယ်တိုင်ကိုရော သင့်မိသားစု ချစ်ခင်သူ စတာတွေကို တခဏချင်း ဘ၀ပျက်သွားအောင် လုပ်နိုင်တာလည်း အွန်လိုင်းကတဆင့်ပါပဲဆိုတာ လက်ခံရမှာပဲဖြစ်ပါတယ်။ အဲဒီထဲကမှ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက ပိုပြီးအရေးကြီး တာမို့ သတိရှိသင့်ပါတယ်။

(၁) သင့်ရဲ့ဝင်ငွေ နှင့် အလုပ်အကိုင်များ

သင်ဟာ ဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျကတင်လိုက်ခြင်းအားဖြင့် သင့်ကို အန္တရာယ်လည်း ဖြစ်စေနိုင်သလို တခြားလူတွေရဲ့ ဝေဖန်ခြင်း အတင်းပြောခြင်းကိုလည်း ခံနိုင်တဲ့အပြင် မလုံခြုံမှုကိုပါ ရနိုင်ပါတယ်။

(၂) အနာဂတ်ရဲ့ အကြံစည်တွေ ရည်မှန်းချက်တွေ

သင့်မှာ ရှိထားတဲ့ အကြံညဏ်တွေ အစီအစဉ်တွေကို မပြောပါနှင့် ။ ကော်ပီတချက်နဲ့တင် သင့်ဦးနှောက်ဖောက်စားသွားတာမျိုး သစ္စာဖောက်သွားတာမျိုးက စိတ်ခံစားရရုံမက ဆုံးရှုံးမှုကြီးမားပါတယ်။

(၃) အချစ်ရေးကိစ္စ

သင်တို့ ဘယ်လောက်ချစ်ကြောင်း ဘယ်လောက် အထီးကျန်ကြောင်း ဘယ်လောက် ဂရုစိုက်တတ်ကြောင်း စသဖြင့် အကုန်ထုတ်ပြောနေစရာမလိုပါဘူး ။ အချစ်ရေးကိစ္စဆိုတာ ထိလွယ်ရှလွယ်မို့ သင့်အကြောင်းသေချာမသိပဲ လူတွေ အမြင်တမျိုးဖြစ်သွားကာ ဝေဖန်ကြမယ် ကဲ့ရဲ့ကြမယ် ဒါတွေအပြင် ကိုယ့်ချစ်သူရဲ့ ငြိုငြင်ခြင်းကိုလည်း ခံရနိုင်ပါတယ် ။

(၄) အခက်အခဲများ အဆင်မပြေမှုများ

သင့်ဘဝရဲ့ အခက်အခဲ အဆင်မပြေမှုတွေကို အမြဲတမ်း လိုင်းပေါ်တင်နေခြင်းဟာ သင့်လိုင်းပေါ်မိတ်ဆွေတွေကို စိတ်အနှောက်အယှက်ပေးသလိုဇြစ်နေမယ်လို့ မြင်ကြည့်ဖူးလား ။ တစ်ခါလောက်က ကိစ္စသိပ်မရှိပေမယ့် အမြဲတမ်းဆိုရင် သင့်ကို မစာနာတဲ့အပြင် အမြင်ကတ်သွားနိုင်ပါတယ်။ တကယ့်အပြင်က ပြဿနာကိုလည်း သူတို့က လာဇြေရှင်းပေးနိုင်တာမျိုးလည်း မဟုတ်ဘူးလေ ။ အထူးသဖြင့် လုပ်ငန်းအကြောင်းဆိုရင် သင့်အကြောင်း အထက်လူကြီးသို့မဟုတ် လုပ်ဖော်ကိုင်ဖက်တွေပြန်သိမယ်ဆိုရင် သင့်အတွက် တော်တော်လေး ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။

 

Writter: sharon

Be the first to comment

Leave a Reply

Your email address will not be published.


*