လှပတဲ့ရုပ်ရည်၊အရပ်အမောင်းတို့နဲ့အတူ ယခင်က မော်ဒယ်တစ်ဦးလည်းဖြစ်နေခဲ့တဲ့ နိုင်ငံ့အလှဆုံးအမျိုးသမီးစစ်သား

တရုတ်အစိုးရဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့၇၀ နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ စစ်ရေးပြပွဲပြုလုပ်ကျင်းပရင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအဖွဲ့ဝင်တစ်ဦးကြောင့် ပြည်သူတွေရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပြီး တရုတ် social mediaကို ချိုးဖောက်သွားစေခဲ့ပါတယ်။အသက် ၂၇နှစ်အရွယ် Men Jiahui အမည်ရှိ PLA ရဲ့ရင်သပ်ရှုမောဖွယ်ဂုဏ်

အသရေရှိကိုယ်ရံတော်အမျိုးသမီးဟာ Tienanmen ရင်ပြင်ရှိ China’s Victory Day ချီတက်ပွဲမှာ အခြားအမျိုးသမီးစစ်သည်တွေနဲ့အတူ ချီတက်နေစဉ် သူမရဲ့လှပတဲ့အသွင်အပြင် နဲ့ ၅ ပေ ၁၀ လက်မ အရပ်အမောင်းတို့ကြောင့် လူအများရဲ့အာရုံစိုက်မှု နဲ့ ကြည်ညိုလေးစားမှုကိုရရှိသွားခဲ့ပြီးနောက် သူမဟာ တရုတ်နိုင်ငံရဲ့အလှဆုံးစစ်သားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။PLA မဝင်ခင်တုန်းက Men ဟာ တရုတ်နိုင်ငံရှိ Lingerie အမျိုးသမီးမော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်ဖူးပါသေးတယ်။

Men ရဲ့ အခြား PLA အမျိုးသားနဲ့အမျိုးသမီးစစ်သားတွေရှေ့မှာ လမ်းလျှောက်ဖျော်ဖြေပြခဲ့ဗီဒီယိုဟာ အင်တာနက်ပလက်ဖောင်းပေါ်ပျံ့နှံ့သွားခဲ့ပြီး လူသန်းချီက သူမကိုချီးမွမ်းရင်းလေးစားကြောင်း မှတ်ချက်များစွာပေးခဲ့ကြပါတယ်။Liaoning ပြည်နယ်၊ Dalianမြို့ဇာတိဖွားဖြစ်တဲ့ Men ဟာ ပေကျင်းတက္ကသိုလ်ရှိ ဖက်ရှင်နည်းပညာဘာသာရပ်ကို သင်ကြားခဲ့ပြီ

း ၂၀၀၈ ခုနှစ် China Lingerie Model ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပြီး မော်ဒယ်သက်တမ်း၆နှစ်အကြာမှာတော့ သူမအလုပ်ပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။အင်တာဗျူးတစ်ခုမှာ Menက “ကျွန်မငယ်ငယ်တုန်းကစစ်သားတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့တယ်၊ အနုပညာကျောင်းတက်ပြီးနောက်တော့ ကျွန်မအိပ်မက်ကိုဆိုင်းငံ့ပစ်ခဲ့တယ်” လို့ဆိုထားပါတယ်။

Men ဟာ ဒေသခံဌာနခွဲတွေက PLAအမျိုးသမီးကိုယ်စားလှယ်တွေကို စတင်လက်ခံတာနဲ့တစ်ခါတည်း စစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စစ်တပ်ထဲဝင်ပြီးတဲ့နောက်မှာ သူမရဲ့ဘဝဟာတော်တော်လေးခက်ခဲခဲ့ပေမဲ့ စိန်ခေါ်မှုတွေက သူမပြီးမြောက်အောင်လုပ်ရမယ့်တာဝန်တွေနဲ့ယှဉ်ရင်ဘာမှမဟုတ်ဘူးလို့လည်းဆိုခဲ့ပါတယ်။

Menက ဂုဏ်သိက္ခာရှိတဲ့စံပြပုဂ္ဂိုလ်တစ်ဦးနဲ့ မော်ဒယ်တစ်ဦး ဖြစ်ရခြင်းက တူညီတဲ့အချက်အချို့တွေရှိပြီး လူအများရှေ့မှာ အဆိုပါအလုပ်နှစ်ခုစလုံးနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုပြသတတ်ဖို့လိုတယ်လို့ China Central Television ရဲ့အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။သူမဘဝကတော်တော်လေးပြောင်းလဲသွားပြီဆိုပေမယ့် သူမဘယ်တုန်းကမှနောင်တမရခဲ့ဘူးလို့လည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*