အခါအခွင့်သင့်တုန်း သခင်ကို ကျေးဇူးဆပ်ခွင့်ရလိုက်တဲ့ လမ်းဘေးခွေးလေးရဲ့ ဖြစ်ရပ်

ခွေးတွေဟာ လူတွေအတွက် သစ္စာရှိတဲ့ သူငယ်ချင်းကောင်းတွေပါ။ ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်ပြီး မေတ္တာပြခဲ့ရင် သူတို့လေးတွေဟာ အသက်ကိုတောင် မငဲ့ပဲ လူတွေကို ကျိုးနွံစွာ ပြန်လည်စောင့်ရှောက်တတ်ပါတယ်။ မက္ကစီကိုနိုင်ငံ တာမိုလီပက်စ်ပြည်နယ်က ဂက်စ်ဆိုင်တစ်ဆိုင်မှာလည်း လမ်းဘေးခွေးတစ်ကောင်ရဲ့ လူသားတွေအပေါ်မှာ ထားတဲ့ သစ္စာစောင့်သိမှုကို အခုလိုတွေ့ရပါတယ်။

တစ်နေ့မှာ ခန္ဓာကိုယ်ကြုံလှီနေရှာတဲ့ ခွေးလေးတစ်ကောင်ဟာ ဂက်စ်ဆိုင်တစ်ဆိုင်နားကို ရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရတာ ကြောက်နေပုံရပြီး မစားရမသောက်ရနဲ့ ပိန်လှီနေတာမို့ ဂက်စ်ဆိုင်က သနားပြီး အစာရေစာကျွေးကာ မွေးထားခဲ့ပါတယ်။ ခွေးကိုတော့ ရမ်ဒီလို့ အမည်ပေးထားခဲ့ပါတယ်။ ဂက်စ်ဆိုင်ပိုင်ရှင် ဂျီရာဒိုအာဂွီလာက သူ့ဝန်ထမ်းတွေဟာ ရမ်ဒီရဲ့ယုံကြည်လေးစားမှုကို တဖြည်းဖြည်း ရယူနိုင်ခဲ့ကြောင်း ဆိုပါတယ်။ ခွေးလေး ရမ်ဒီကို အစာေျကျွး၊ ရေချိုးပေးတဲ့အပြင် ရောဂါကာကွယ်ဆေးလည်း ထိုးပေးခဲ့ပါတယ်။ ခွေးလေးဟာ ဓာတ်ဆီဆိုင်မှာပဲနေရင်း ဆိုင်ဝန်ထမ်းတွေရဲ့ ဂရုဏာနဲ့ စောင့်ရှောက်တာကို ခံစားခဲ့ရပါတယ်။


ဒီလိုနဲ့ ဂက်စ်ဆိုင်မှာ နေလာရင်း ရမ်ဒီဟာ သခင်တွေအတွက် အခက်ကြုံရတဲ့ ကိစ္စတစ်ခုမှာ အစွမ်းပြခွင့်ရခဲ့ပါတယ်။ ဒါကတော့ သူဟာ ဆိုင်ထဲက ငွေတွေကို လုဖို့လာတဲ့ အကြမ်းဖက်လက်နက်ကိုင်ဓားပြတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ ဆိုင်ဝန်ထမ်းတွေရဲ့ အသက်အန ္တရာယ်နဲ့ ဆိုင်က ငွေကြေးတွေအားလုံး လူဆိုးတွေ လက်ထဲပါမသွားအောင် ရမ်ဒီက အစွမ်းကုန်ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံက လက်နက်ကိုင်လူနှစ်ယောက်ဟာ ရုတ်တရက် ဂက်စ်ဆိုင်မှာ ပေါ်လာပြီး ဆိုင်ဝန်ထမ်းကို ပိုက်ဆံထားတဲ့နေရာ လိုက်ပြဖို့ ခြိမ်းခြောက်ပြောဆိုနေခဲ့တာပါ။

ထို့နောက်မှာတော့ အချင်းများကြဟန်တူပါတယ်။ လက်နက်ကိုင်လူနှစ်ယောက်ဟာ ဆိုင်ဝန်ထမ်းကို စတင်ထိုးကြိတ်ပြီး ရိုက်နှက်ပါတော့တယ်။ ဒါကို မြင်တွေ့ရတဲ့အခါ သူရဲကောင်းလေး ရမ်ဒီဟာ ချက်ခြင်းပဲ သူ့သခင်ကို ကာကွယ်ဖို့ အခင်းဖြစ်ရာနေရာဆီ ပြေးလာပါတော့တယ်။ ရမ်ဒီဟာ လူဆိုးတွေကို ရန်မူဖို့ကြိုးစားတဲ့အတွက် နောက်ဆုံး ဓားပြနှစ်ယောက်ဟာ မတတ်နိုင်တော့ပဲ ကားမောင်းပြီး ထွက်ပြေးသွားကြပါတော့တယ်။ ဆိုင်က သူဌေးနဲ့အတူ အခြားဝန်ထမ်းတွေကတော့ ရမ်ဒီရဲ့ အပြုအမူကြောင့် သူ့ကို ထပ်တိုးပြီးသာ ချစ်လာကြပါတော့တယ်။ ရမ်ဒီရဲ့ သခင်တွေအပေါ် သစ္စာရှိပြီး ကျေးဇူးသိတတ်တဲ့ ဖြစ်ရပ်လေးကိုတော့ စီစီတီဗီမှတ်တမ်းမှာ အခုလိုတွေ့ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*