အခုတလော နာမည်ကြီးနေတဲ့ ဂျပန်အမျိုးသားရဲ့လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေး

သြစတေးလျ Brisbane က ရှောပင်းစင်တာရှေ့မှာ အမိုက်စား proposal လေးတစ်ခုပြုလုပ်သွားခဲ့ပါတယ်။


ဂျပန်အမျိုးသား Motonori Kan ဟာ မေလ ၅ရက်နေ့က (၅)နှစ်ကြာတွဲလာတဲ့ ချစ်သူဖြစ်သူ Emi Miyazaki ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။လက်ထပ်ခွင့်တောင်းပွဲလေး အောင်မြင်စွာကျင်းပနိုင်အောင် Mad Dance House က dancer လေးတွေ ကူညီအားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။


သူတို့ကတာပြီးတဲ့အထိ အနားမှ ဈေးဝယ်သူတွေကလည်း အားပေးကြည့်ရှုခဲ့ကြတယ်။ နောက်ဆုံးမှ လက်ထပ်ခွင့်တောင်းတဲ့သူက ပေါ်လာပြီး သူ့ချစ်သူကောင်မလေးကို လက်ဆန့်တန်းပြပါတယ်။ ကောင်မလေးကတော့ ရှက်လည်းရှက် ၊ ပျော်လည်း ပျော်ပေါ့။ နောက်ဆုံး သူမကYes လို့ ပြောလိုက်တဲ့အချိန်မှာ အားလုံးက ဝိုင်းအော် အားပေးကြတယ်။

” dancer လေးတွေ ကနေတာပဲဆိုပြီး ဒီတိုင်း ကျွန်မကြည့်နေတာ..နောက်တော့ Moto ပေါ်လာတော့ ကျွန်မကြောင်သွားတယ်..ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲပေါ့… သူ့လက်ထဲက လက်စွပ်တွေ့တော့မှ ကျွန်မအလှည့်ရောက်လာပြီပေါ့ လို့ တွေးမိတယ် ”

Be the first to comment

Leave a Reply

Your email address will not be published.


*