ဆေးရုံမှာဘဲ လက်ထပ်ပွဲကျင်းပခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ ကွယ်လွန်သွားခဲ့တဲ့ သတို့သမီး

ကျွန်တော်တို့တက်ရောက်ခဲ့ဖူးတဲ့မင်္ဂလာပွဲတွေမှာ သတို့သားနဲ့သတို့သမီးက ရှေ့ဆက်မယ့်သူတို့ဘဝအတွက် “ကောင်းအတူ ဆိုးအတူ ၊ချမ်းသာဆင်းရဲအတူ၊ကျန်းမာပျှော်ရွှင်စွာနဲ့အတူတူ ဖြတ်သန်းသွားကြမယ်”စတဲ့စကားတွေ ကတိသစ္စာပြုကြတာကို တွေ့ဖူးကြမှာပါ။ဒါပေမဲ့ အခုမင်္ဂလာစုံတွဲတစ်တွဲအတွက်ကိုတော့ ကံတရားကြီးကမျက်နှာသာမပေးခဲ့ပါဘူး။

အခုအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ Connecticutပြည်နယ် Hartfordမြို့ St. Francis ဆေးရုံမှာ ဖြစ်ပွါးခဲ့တာပါ။အသက် ၃၅နှစ်အရွယ် David Mosherအမည်ရှိတဲ့အမျိုးသားနဲ့ သူ့ချစ်သူအသက် ၃၂နှစ်အရွယ် Heather Lindsayတို့ဟာ မကြာခင်က ဆေးရုံခန်းထဲမှာ ချစ်ခြင်းထုံးဖွဲ့ခဲ့ကြပါတယ်။ကြေကွဲစရာကောင်းတဲ့မင်္ဂလာပွဲဓာတ်ပုံတွေဟာ onlineမှာ ပျံ့နှံ့သွားလေခဲ့ပါတယ်။

Davidဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့မှာသူတို့နှစ်ဦး ဆရာဝန်ဆီသွားခဲ့ပြီး Lindsayဟာ lymph node တွေထဲပြန့်နှံနေတဲ့ရင်သားကင်ဆာခံစားနေရတာကိုသိခဲ့တဲ့အဲဒီနေ့မှာဘဲ သူမကို ချစ်ခွင့်ပန်ခဲ့တာပါ။Davidဟာ ရောဂါကြောင့် သူတို့ချစ်ခြင်းကို အခွဲမခံစေခဲ့ပါဘူး။”ငါသူ့ကို ချစ်ခွင့်ပန်ခဲ့တယ် ငါတို့ဘဝရဲ့အပြင်းထန်ဆုံးနှစ်ဘဲ

သူ ရိုးရာကုထုံးတွေနဲ့ကင်ဆာကို တိုက်ဖြတ်ဖို့ ရုန်းကန်နေရတယ်”လို့ ဆိုထားပါတယ်။ဒါပေမဲ့ ကင်ဆာက Lindsayရဲ့ဦးနှောက်နဲ့အဆုတ်ကိုပြန့်နှံ့သွားခဲ့ပြီး မင်္ဂလာပွဲကို နောက်လ ၃၀ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားပေမဲ့ သူမရဲ့အခြေအနေဆိုးရွားလွန်းတာကြောင့် သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ နှစ်ဖက်မိဘဆွေမျိုး၊သူငယ်ချင်းတွေနဲ့အတူ ဆေးရုံခန်းမှာဘဲ ကျင်းပခဲ့ကြရပါတယ်။

သူတို့ပွဲဟာ ပြောစရာမလိုအောင် အခန်းထဲက လူတွေမျက်ရည်မကျဘဲ မနေနိုင်ခဲ့ကြပါဘူး။Lindsayဟာ သူမရဲ့နောက်ဆုံးအချိန်လေးမှာ ပျော်ရွှင်မှုကို ရွေးချယ်ခဲ့ပြီး အခမ်းအနားအပြီး ၁၈နာရီအကြာမှာတော့ သူမဟာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားလေခဲ့ပါတယ်။သူတို့ရဲ့ကြေကွဲစရာမြင်ကွင်းဟာ ကမ္ဘာတစ်ဝှမ်းရဲ့အင်တာနက်သုံးစွဲသူတွေကို

စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။သူတို့မင်္ဂလာပွဲရဲ့ဓာတ်ပုံဆရာ Christina Karas က “အဲ့ဒီအချိန်က အရမ်းဝမ်းနည်းကြေကွဲစရာကောင်းတယ် ဒါပေမဲ့ ဒီဇာတ်လမ်းက လူတွေအတွက် မျှော်လင့်ချက်ပေးနေတော့ ငါဝမ်းမြောက်မိတယ်

သူက သူ့ရဲ့နောက်ဆုံးအချိန်မှာတောင် ပျှော်ပျှော်ရွှင်ရွှင်နဲ့ဘဲ ဖြတ်သန်းနေခဲ့တယ်”လို့ ဆိုထားပါတယ်။အော် ကံတရားကြီးက ဘယ်သူ့ကိုမှ သနားညှာတာမှုလေးတောင် မပေးပါလား။

Be the first to comment

Leave a Reply

Your email address will not be published.


*