လမ်းပိတ်နေတဲ့ ကားလမ်းတစ်ခုမှာ ဝက်ရူးပြန်နေတဲ့ မိန်းကလေးကို သူဘယ်လိုကယ်ထုတ်ပေးခဲ့လဲဆိုတော့…

ထိုင်းနိုင်ငံက ကားအရမ်းပိတ်နေတဲ့ လမ်းတစ်ခုမှာ ကောင်မလေးတစ်ယောက် ဝက်ရူးပြန်နေလို့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတဲ့ အဖေဖြစ်သူကိုတွေ့တော့ Itthiphon Petchphibunpong ဆိုတဲ့လူက ဆိုင်ကယ်နဲ့ သူတို့ကို ခေါ်တင်ပြီး ဆေးရုံကိုအမြန်ပြေးခဲ့ပါတယ်။


လမ်းပိတ်နေချိန် ကားတစ်စီးပေါ်က အကူညီတောင်းနေတဲ့ အသံကြားလို့ သူသွားကြည့်ချိန်မှာ ဒီအဖြစ်ပျက်ကို တွေ့လိုက်ရတာပါပဲ။ အဲ့ဒါနဲ့ Itthiphonက ရှေ့ကကားသမားတွေကို လမ်းရှင်းပေးဖို့ အကူညီတောင်းပြီးတာနဲ့ ဆိုင်ကယ် အရှိန်တင်ပြီး ဆေးရုံကိုအမြန်ပြေးပါတော့တယ်။


ဝက်ရူးပြန်နေတဲ့ ကောင်မလေးအဖေက အသက် ၅၁နှစ် Sorachat Sadudee လို့သိရပါတယ်။ ကျောင်းကနေ ကလေးနှစ်ယောက်ကို ပြန်ခေါ်လာချိန် လမ်းပေါ်မှာ ကလေးရောဂါက ထဖောက်တာပါပဲ။ ရုတ်တရက် နေမကောင်းချင်သလိုဖြစ်လာပြီး ပါးစပ်ကနေအမြှုပ်တွေထွက်လာပါတော့တယ်။
အဲ့ဒီအချိန်မှာ Itthiphon ရောက်လာပြီး ကောင်မလေးနဲ့အဖေကိုခေါ်ထုတ်ကာ ဆေးရုံအမြန်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုကူညီပေးတဲ့ Itthiphon အဖေဖြစ်သူက ကျေးဇူးတင်မဆုံးပါပဲ။ကောင်မလေးအခြေအနေနဲ့ပတ်သတ်ပြီးတော့ ဘာမှထပ်ပြီးအသေးစိတ် မဖော်ပြထားခဲ့ပါဘူး။ Itthiphon ရဲ့လုပ်ရပ်ကို အားလုံးက ချီုးကျူးဂုဏ်ယူနေကြပါတယ်။ ကလေးမလေး အသက်အန္တရာယ်ကင်းပါစေလို့ အားလုံးကလည်း ဆုတောင်းပေးနေကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*