နှစ်၂၀ကြာစောင့်မျှော်ခဲ့တဲ့ ဖူးစာရှင်ကို စိတ်ကုန်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ခဲ့တဲ့ အမျိုးသမီး

အသက်လေးဆယ်အထိ မိမိနဲ့သင့်တော်မယ့် ဖူးစာဖက်ကိုစောင့်ခဲ့တဲ့ လော်ရာမယ်ဆီ အမည်ရှိ အီတလီကိုယ်ကာယသင်တန်းနည်းပြအမျိုးသမီးတစ်ဦးက ဘယ်တော့မှာပေါ်လာမှာမဟုတ်တော့တဲ့ ဖူးစာဖက်ကိုစောင့်ရတာစိတ်ကုန်သွားပြီလို့ဆိုပါတယ်။ ဒါကြောင့် သူမအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အတိအကျပြောရရင် အဲဒီအမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့မင်္ဂလာပွဲကို ၂၀၁၇ မှာ ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။

 

သူမဟာ ဘယ်ဆီနေမှန်းမသိတဲ့ ကြင်ဖက်ကို နှစ်ပေါင်း ၂၀ကြာရှာဖွေခဲ့ပြီး သူမအသက် ၄၀အရွယ်မှာကြင်ဖက်ရှာတဲ့အလုပ်ကို လက်လျှော့လိုက်ပါတော့တယ်။ ဒါ့အပြင် ဘုရားကျောင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

 


လော်ရာဟာအခုလို ကြင်ဖက်ရှာတာကိုလက်လျှော့ကာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တာ နဲ့ပတ်သက်ပြီး “ကျွန်မအသက် ၄၀ပြည့်မွေးနေ့အထိ ကျွန်မရဲ့ဖူးစာဖက်ရှာမတွေ့ခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်မယ်လို့ ကျွန်မမိသားစုနဲ့သူငယ်ချင်းတွေကိုပြောခဲ့တယ်”လို့ဆိုပါတယ်။
ဒီစကားအတိုင်း လော်ရာဟာ သတို့သမီးတစ်ဦးတည်းပါတဲ့သူမရဲ့မင်္ဂလာပွဲကို ပေါင် ၈၇၀၀ ကုန်ကျခံကျင်းပခဲ့ပါတယ်။ သူမကအနောက်တိုင်းရိုးရာယဉ်ကျေးမှုအတိုင်း တန်ဖိုးကြီးအဖြူရောင်သတို့သမီးဂါဝန်ကိုဝတ်ဆင်ကာ သူမအတွက်သီးသန့်မှားထားတဲ့ မင်္ဂလာလက်စွပ်ကိုဝတ်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် သူမပုံစံသတို့သမီးအရုပ်ပါတဲ့မင်္ဂလာကိတ်ကိုလည်း ဧည့်သည် ၇၀ကျော်တို့ရဲ့ရှေ့မှာခွဲခဲ့ပါသေးတယ်။

ရှန်ပိန်ကိုတစ်ယောက်တည်းဖောက်ခဲ့သလို အစားအသောက်တွေတည်ခင်းဧည့်ခံကာ သီချင်းသံစဉ် တွေကြား မင်္ဂလာပွဲတက်ရောက်လာတဲ့ဧည့်သည်တွေနဲ့ အတူပွဲခံခဲ့ပါတယ်။ သူမရဲ့ပျားရည်ဆမ်းခရီးအနေနဲ့ အီဂျစ်ကိုသွားရောက်အပန်းဖြေဖို့စိတ်ကူးထားတယ်လို့လည်းဆိုပါတယ်။
လော်ရာအနေနဲ့ သူမဆန္ဒအလျောက်ကျင်းပခဲ့တဲ့ဒီမင်္ဂလာပွဲကပျော်စရာကောင်းတာမှန်ပေမယ့်လည်း တစ်ချိန်မှာ သူမနဲ့သင့်တော်တဲ့ ဖူးစာရှင်အမျိုးသားနဲ့တွေ့ခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ကွာရှင်းပြီး တကယ့်ခင်ပွန်းသည်အစစ်နဲ့ ဒီလိုပျော်စရာကောင်းတဲ့မင်္ဂလာပွဲမျိုးကို ထပ်မံကျင်းပသွားဦးမယ်လို ဝန်ခံသွားခဲ့ပါတယ်။


ဒီလိုပြောတာကလည်း သူမရဲ့ပျော်ရွှင်မှုက အဲဒီဖူးစာရှင်အမျိုးသားပေါ်မှာမူတည်တာမဟုတ်ဘဲ သူမ ပျော်ရွှင်ဖို့ဆိုရင် အဲဒီလိုနောက်ထပ်စီစဉ်နိုင်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ်လို့ လော်ရာကပြော ပါတယ်။ ဒါ့အပြင် လူတွေဟာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်ဖို့လိုတယ်၊ သင့်ဘဝမှာ ရွှေမင်းသား မရှိလည်း နတ်သမီးပုံပြင်တစ်ပုဒ်ကိုဖန်တီးနိုင်ပါတယ်လို့သူမကပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*