မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တဲ့ ကြော်ငြာနဲ့ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့တဲ့ ဖြူဖြူထွေး

မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တဲ့ ကြော်ငြာနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့တဲ့ ဖြူဖြူထွေး

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်သော ဖြူဖြူထွေးဟာ နောက်ပိုင်းမှာ အွန်လိုင်းကြော်ငြာလေးတွေကို ရိုက်ကူးလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်လာခဲ့တာပါနော်။လွန်ခဲ့တဲ့ ရက်ပိုင်းမှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ အွန်လိုင်းပေါ်တင်ခဲ့တာကြောင့် ထိုကြော်ငြာထဲက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေက

အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေအပြင် လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့်ဘဲ မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းဟာ ရှုံ့ချကြောင်းစာထုတ်ပြန်ခဲ့တာပါ။ထိုကိစ္စနဲ့ ပက်သတ်ပြီး တော့ ဖြူဖြူထွေးက ဒီကြော်ငြာလေးကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီးအနေနဲ့တောင်းပန်ပါတယ်။

ဇာတ်လမ်း ဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့အဆင့်အတန်းကို သမီးလေ့လာမထားမိပါဘူး။ အဲ့ဒါကြောင့် သမီးရဲ့ သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ်ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီးအနေနဲ့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။ နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ် ဆိုပြီးတော့ အနူးအညွတ် ပြန်လည်တောင်းပန်လာတာပါ။

ဒါရိုက်တာ စတီးလ်ရိုက်ကူးခဲ့ပြီးတော့ ဖြူဖြူထွေး သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာတွေကတော့ မြန်မာနိုင်ငံအတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တာကြောင့်ဘဲ အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ်နော်။

ဖြူဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့်လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့တကွ ပရိသတ်ကြီးလည်း နားလည်ခွှင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*