ပေါက်စီတစ်ပွဲစာအတွက် ဒေါ်လာ ၁၆ဝဝကျော်တောင် မှားယွင်းစွာပေးခဲ့တဲ့ အမျိုးသမီး

တရုတ်အရှေ့ပိုင်း Suzhou,Jiangsu မှာ အမျိုးသမီးတစ်ယောက် ပေါက်စီတစ်ပွဲမှာစားပြီး ကျသင့်တာထက် ပိုပြီး ယွမ် ၁၁၁၂၂(ဒေါ်လာ ၁၆၁ဝ)တောင် မှားယွင်းစွာပေးမိခဲ့ပါတယ်။


သူမလည်း အမှတ်မထင်ပေးပြီး ထွက်သွားခဲ့သလို ပိုက်ဆံလက်ခံမိတဲ့ ဆိုင်ပိုင်ရှင်လည်း ဒီလောက်များတဲ့ ပိုက်ဆံကိုသတိမထားမိခဲ့ဘူး။ နောက်နေ့ စာရင်းတွက်ကြည့်တော့မှ တစ်ပွဲစာအတွက် ပိုနေတဲ့ ပိုက်ဆံတွေကို သေချာစစ်မိတော့တယ်။

ဖြစ်ချင်တော့ စားသုံးသူအမျိုးသမီးဟာ ကျသင့်ငွေကို We Chat Pay နဲ့ ရှင်းသွားတာပါတဲ့။ အဲ့ဒါနဲ့ ပိုနေတဲ့ပိုက်ဆံတွေ ဘယ်လိုပြန်ပေးရမှန်းမသိတာနဲ့ ရဲကနေပဲ တစ်ဆင့် ထိုအမျိုးသမီးကို ပြန်လည်ရှာဖွေဖို့ အကူညီတောင်းခဲ့ပါတယ်။ ရဲတွေမှာလည်း စီစီတီဗီထဲက အမျိုးသမီးကို အပြင်မှာရှာတွေ့ဖို့ဆိုတာ မလွယ်ကူခဲ့ဘူး။ အဲ့ဒါနဲ့ ဆိုင်ပိုင်ရှင်က အင်တာနက်မှာ သူမရဲ့ဆိုင်မှာ ပိုက်ဆံမှားယွင်းမှုဖြစ်ပွားခဲ့ကြောင်း ပို့စ်တင်ရှာလိုက်ကြပါတယ်။

အင်တာနက်ရဲ့ကျယ်ပြန့်မှုက တကယ်အသုံးဝင်ခဲ့ပါတယ်။ စားသုံးသူအမျိုးသမီးကို ဆိုင်ကို ပြန်ရောက်လာပြီး သူမပိုက်ဆံတွေ လက်ခံခဲ့ပါတယ်။ ရိုးသားတဲ့ ဆိုင်ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ဒီလို ဆိုင်ပိုင်ရှင်မျိုး ရှားမှရှားပါပဲ….

Be the first to comment

Leave a Reply

Your email address will not be published.


*