ရင်နင့်စရာနောင်တတွေ ကြုံရတော့မည့်ဆဲဆဲ ကံကောင်းသွားတဲ့ ကလေးမိခင်

ဆိုရှယ်မီဒီယာတွေပေါ်မှာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အဖြစ်ဆိုးတွေ ကြုံတွေ့ရတဲ့သတင်းကို မကြာခဏဆိုသလို တွေ့မြင်ရနေပါတယ်။ တော်တော်များများကိစ္စတွေဟာ မိဘတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်တာများပါတယ်။ မကြာသေးမီကလည်း မိဘတွေရဲ့ ပေါ့ဆမှုကြောင့် Facebook ပေါ်မှာ ကလေးငယ်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတစ်ခုပေါ်ထွက်ခဲ့ပါသေးတယ်။

ဒါကတော့ လေးဘက်ထောင့်သွားတတ်တဲ့အရွယ်ကလေးငယ်တစ်ဦးဟာ နေ့ခင်းဘက် မိဘတွေ အိပ်ပျော်နေတဲ့အချိန် ကားလမ်းမကြီးအလယ်ကို ရောက်သွားတဲ့သတင်းပါပဲ။ ကံကောင်းစွာနဲ့ပဲ ထိုလမ်းမမှာ မောင်းနှင်လာတဲ့ ကားသမားကောင်လေးတစ်ဦးကတွေ့လို့ သူ့ကားကိုစက်သက်ပြီး ကလေးကို ကောက်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ကားလမ်းဘေးရှိ အနီးနားကအိမ်တွေကို လိုက်လံမေးကြည့်ရာ မမျှော်လင့်ဘဲ အိမ်ဘေးဘက်အဖီအောက် သစ်သားကွက်ပျစ်ပေါ်မှာ အိပ်စက်နေတဲ့ လင်းမယားရဲ့ ကလေးဖြစ်နေပါတယ်။

သူ့ရဲ့ ကလေးကို လာပြန်ပို့တဲ့အခါ မိခင်ဖြစ်သူက အလွန်အံ့အားသင့်သွားပြီး ကြောက်လန့်သွားပါတယ်။ ကလေးဟာ သူမနဲ့အတူ အိပ်စက်နေရင် သူမအိပ်ပျော်သွားတုန်း ထွက်သွားခဲ့တာဖြစ်ပါတယ်။ အခုလို လူကောင်းတွေနဲ့ တွေ့ဆုံခဲ့တာ အရမ်းကို ကံကောင်းပြီးတကယ်လို့ သူ့သားသမီးတာ တစ်ခုခုဖြစ်ခဲ့ရင် သူ့ဘဝတစ်ခုလုံး နောင်တရလို့ ဆုံးမှာမဟုတ်ဘူးလို့ ကလေးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

လေးဖက်ထောင့်သွားတတ်တဲ့အရွယ်၊ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ ကလေးတွေကို ယခင်ကပိုပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အိမ်ထဲမှာ အတူတူနေရင်းနဲ့တောင်း ခဏလေးသတိလက်လွတ်ဖြစ်မိတာနဲ့ သင့်ကလေး အနာတရ တစ်ခုခုဖြစ်နေတတ်ပါတယ်။ ယခင်တုန်းကလည်းအိမ်မှာ ကလေးအချင်းချင်း ဆော့နေရာကနေ သတိမထားမိလိုက်တဲ့အခါ

အိမ်မှာရှိတဲ့ စဉ့်အိုးထဲ ပြုတ်ကျပြီး သေဆုံးနေတဲ့ အဖြစ်ဆိုးမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တစ်ခုခုလုပ်နေတဲ့အခါ၊ အိပ်တဲ့အခါ၊ အပြင်သွားခဏသွားတဲ့အခါ စိတ်ချယုံကြည်ရတဲ့သူတစ်ဦး နှစ်ဦးလောက်ထံမှာ အပ်ပြီးမှပြုလုပ်ပါ။ ဒါတောင် အချိန်အကြာကြီးပစ်ထားခဲ့လို့ မရပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးဟာ ကိုယ်ကလွဲပြီး ဘယ်သူနဲ့မှ ပိုပြီး အဆင်မပြေနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*