ချွဲသလိပ်ထွက်စေတဲ့ ကျန်းမာရေးပြဿနာများနှင့် ၄င်းကိုရပ်တန့်နိုင်မယ့်နည်းလမ်းကောင်းများ

သင့်ကိုနာမကျန်းဖြစ်စေတဲ့ လေထုထဲက မသန့်ရှင်းတဲ့ပိုးမွှားတွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ဖို့ အကာအကွယ်အနေနဲ့အလုပ်လုပ်တဲ့အစိတ်အပိုင်းတွေကနေ ချွဲနဲ့အညစ်အကြေး တွေထွက်လေ့ရှိပါတယ်။ အထူးသဖြင့် ချွဲကအဝါရောင်၊ အစိမ်းရောင်တို့ရှိရင် ခန္ဓာကိုယ်အစိတ်အပိုင်း တွေမှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေပြီဆိုတာသတိပြုရမှာဖြစ်ပါတယ်။

ဒီကရှေ့လျှောက် ရာသီ ဥတုကလည်းအေးလာပြီဆိုတော့ နှာစေးချောင်းဆိုးနဲ့ ချွဲသလိပ်ထွက် တာတွေက မကြာခဏကြုံရ တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရအောင် ဘယ်လိုနေရင် ချွဲသလိပ်တွေဖြစ်စေတယ်၊ ဒါကိုရပ်တန့်နိုင်အောင်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘယ်လို အခြေအနေ တွေမှာနေထိုင်ရမယ်ဆိုတာကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ချွဲသလိပ်ထွက်သလဲ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ အကျိအချွဲ၊ အထူးသဖြင့် နှာခေါင်းနဲ့ပါးစပ်တို့ကနေ ချွဲသလိပ်တွေ တစ်ချိန်လုံးထွက်နေမယ်ဆိုရင် နေရထိုင်ရတာအဆင်မပြေဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ချွဲသလိပ်တွေရဲ့ကျန်းမာရေးပြောင်လဲလာလို့ပဲဖြစ်ပါတယ်။ ချွဲသလိပ်တွေက ပိုစေးကပ်ပြီး၊ ချွဲထွက်တာ ပိုများလာတာနဲ့သင့်ရဲ့ကျန်းမာရေးကိုပိုသက်ရောက်မှုဖြစ်စေမှာဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ဓာတ်မတည့်တာ၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်(ဆေးလိပ်သောက် ခြင်းကြောင့်)တို့မှာ ဝေဒနာတစ်ခုခုဖြစ်တာ၊ အစာချေစနစ်ချို့ယွင်းတာတို့ကြောင့် ချွဲသလိပ်တွေ တစ်ချိန်လုံးထွက်နေတတ်လို့ပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဓာတ်မတည့်မှုကြောင့်ချွဲသလိပ်ထွက်တာပိုများပါတယ်။ ဓာတ်မတည့်မှုက ခန္ဓာကိုယ် တွင်း histamine ဓာတ်ကိုဖိအားပေးတဲ့အတွက် နှာခေါင်းနဲ့လည်ချောင်းတို့မှာ နှာစေးခြင်း၊ ယားယံခြင်းတို့ဖြစ်လာပါတယ်။ အဲဒီနောက် နှာခေါင်းအမြှေးပါးတွေအရည်ပျော်ပြီး နှာရည်ယိုရာကနေ နှာစေးပါတော့တယ်။

နောက်ထပ်တစ်ချက်ကတော့ ချွဲသလိပ်ထွက်တာက အဆုတ်ရဲ့ရောဂါခုခံစွမ်းအားနဲ့ဆိုင်ပါတယ်။ ဒီအခြေအနေက ထိပ်ကပ်နာလိုမျိုးနာတာရှည်ရောဂါဖြစ်စေနိုင်တဲ့လက္ခဏာဖြစ်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။

ချွဲ၊သလိပ်ကြောင့်ဖြစ်စေတဲ့ လက္ခဏာများ

ပထမဆုံးအနေနဲ့ နှာခေါင်းနဲ့ဦးခေါင်းခွံကိုဆက်သွယ်ထားတဲ့ ပြွန်ပိတ်ခြင်း(နှာပိတ်ခြင်း)ကြောင့်နေရတာသက်တောင့်သက်သာမရှိဘဲဖြစ်လာပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် နှာရည်တရစပ်ကျခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ နှာခေါင်းနဲ့ဦးခေါင်းခွံဆက်ထားတဲ့နေရာတစ်ဝိုက်ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်စေနိုင်ပါတယ်။

ချွဲသလိပ်တိုက်ဖျက်ရန်အထောက်အကူဖြစ်စေတဲ့ဆေးနည်းများ

(၁)ရေများများသောက်ပါ။ နှာစေး၊ နှာပိတ်ဖြစ်ပြီး ချွဲသလိပ်တွေထွက်နေရင် ရေများများသောက်ပါ။ သင့်ခန္ဓာကိုယ်တွင်းရေဓာတ်လုံလောက်လေ ချွဲသလိပ်ထွက်တာနည်းလေဖြစ်ပါတယ်။ ဒါပေမဲ့ သံပုရာရည်တို့၊ အချိုရည်တို့မသောက်ရပါဘူး၊ ရေကိုပဲဦးစားပေးသောက်ရမှာဖြစ်ပါတယ်။

(၂)လေကောင်းလေသန့်ရတဲ့နေရာမှာနေပါ။ ခြောက်သွေ့ပြီး ဖုန်မှုန့်တွေနဲ့မသန့်ရှင်းတဲ့လေထုကသင့်နှာခေါင်းကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းခြင်းနဲ့မသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကြောင့် နှာစေးခြင်းနဲ့ ဓာတ်မတည့်ခြင်းတို့ဖြစ်စေနိုင်တာကိုသတိပြုသင့်ပါတယ်။ ဒါကြောင့် ချွဲသလိပ်တွေထွက်ပြီး နှာစေးချောင်းဆိုးတဲ့အခြေအနေမျိုးမှာ အိမ်တွင်းအိမ်ပြင် လေကောင်းလေသန့်ရတဲ့နေရာမှာနေဖို့အရေးကြီးပါတယ်။

(၃)နှာစေး၊ ချောင်းဆိုးခြင်းကြောင့်ထွက်လာတဲ့ ချွဲသလိပ်တွေကိုမျိုမချပါနဲ့။ နှာရည်တရွှဲရွှဲကျတာမျိုး၊ နှပ်ချေးထွက်ပြီး ချွဲသလိပ်တွေထွက်တာမျိုးဖြစ်ရင် တစ်ရှူး ဒါမှမဟုတ် အဝတ်သန့်နဲ့ သန့်စင်ပါ၊ နှပ်ညှစ်တာ၊ ချွဲသလိပ်ဟပ်ပြီးထွေးတာမျိုးလုပ်ပါ။ အဲလိုလုပ်ခြင်းအားဖြင့် နှာခေါင်းနဲ့ခံတွင်းကို ပိုးမွှားအန္တရာယ်ကနေကာကွယ်ပြီးသားဖြစ်စေပါတယ်။

(၄)အရည်ရွှမ်းအသီးအနှံများများစားပါ။ ချွဲသလိပ်ထွက်တာကိုကာကွယ်ဖို့ နို့နဲ့နို့ထွက်ပစ္စည်းတွေရှောင်ပါ၊ အဲဒီအစား နာနတ်သီး၊ ပန်းသီး၊ သခွား၊ သံပုရာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ဂျင်း၊ သံလွင်ဆီတို့ကို စားသုံးပေးနိုင်ပါတယ်။

(၅)ရင်ဘတ်ကိုပျားရည်ကပ်ပါ။ မုန့်ဖုတ်ဆိုတာ၊ ပျားရည်နဲ့သံလွင်ဆီတို့ကိုအနည်းငယ်စီရောပြီး အဝတ်သန့်သန့်၊ စက္ကူတို့မှာကပ်ပြီး ရင်ဘတ်ကိုကပ်ပေးပါ။ နှာစေးချောင်းဆိုးပြီး ချွဲသလိပ်တစ်ချိန်လုံးထွက်နေတဲ့ကလေးတွေကို ရင်ဘတ်နဲ့ကျောဘက်မှာ ဒီလိုပလာစတာကပ်ပေးရင် အနည်းဆုံးသုံးလေးနာရီထိ ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

ခုလို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Nyan Shin page ကို Like လုပ်ထားကြပါနော်

Writer : Cho Cho Than

Be the first to comment

Leave a Reply

Your email address will not be published.


*