လူကြားထဲမှာ ဘောင်းဘီထဲချီးပါချခဲ့တဲ့ ချစ်သူကောင်မလေးကို လုူကြီးလူကောင်ဆန်ဆန်ဂရုစိုက်ခဲ့တဲ့ ကောင်လေး

ကောင်မလေးတွေဟာ သူတို့စိတ်ကူယဉ်ထားကြတဲ့ချစ်သူကောင်လေးတွေရဲ့ပုံစံကို တော်တော်လေးမြင့်မြင့်မျှော်မှန်ထားတတ်ကြပေမဲ့ ဒီတစ်ခေါက်မှာတော့ ချစ်သူကောင်လေးဟာ မျှော်လင့်ထားတာထက် ပိုနေပါတယ် ။ မကြာသေးခင်က ကောင်မလေးတစ်ယောက်ဟာ လူကြားထဲမှာဘောင်ဘီထဲချီးပါချမိခဲ့တဲ့ သူမရဲ့ရှက်ဖို့ကောင်းတဲ့အတွေ့အကြုံကိုဝေမျှထားပါတယ် ။

ထိုင်ဝမ်က အဆိုပါအသက်19နှစ်အရွယ်ကောင်မလေးဟာ ချစ်သူနဲ့အပြင်မှာ စပ်လွန်းတဲ့အစားစာတွေ စားသောက်ပြီးချိန်မှာတော့ သူမဗိုက်ဟာနာကျင်ကိုက်ခဲလာတာကို သတိထားမိခဲ့ပါတယ် ။သူမဟာ အိမ်သာအတော်လေးတက်ချင်ခဲ့ပြီး အများသုံးသန့်စင်ခန်းတွေကလည်းလူတွေပြည့်နေခဲ့တဲ့အတွက် ချစ်သူကောင်လေးကိုအိမ်သို့သာ ပြန်ပို့ခိုင်းခဲ့ပါတယ် ။ချစ်သူကောင်လေးရဲ့ ကားတံခါးမဖွင့်ခင်မှာပဲ သူမဟာဘောင်းဘီထဲချီးပါချမိသွားခဲ့ပါတယ် ။

ချစ်သူကောင်လေးက ဘာလို့ကားထဲမဝင်တာလဲဆိုပြီး သူမကိုမေးလိုက်ချိန်မှာတော့ သူမဘောင်ဘီထဲပါချမိလိုက်ကြောင်းပြောပြပြီး ချစ်သူ၏ကားပေကျံသွားမည်ဆိုကြောင်း ပြောပြ၍ကောင်လေးက ဘတ်ကားဖြင့်ပြန်ရန်အကြံပေးခဲ့ပါတယ် ။ ဘတ်ကားပေါ်ရောက်ချိန်မှာတော့ သူမဟာမထိုင်ချရဲတော့ဘဲ တစ်လမ်းလုံးလက်ဖြင့်သူမတင်ပါးကို ကာထားခဲ့ရပါတယ် ။သူမအိမ်ကိုရောက်ရှိခဲ့ချိန်မှာတော့ ကောင်လေးဟာလူကြီးလူကောင်းဆန်ဆန်သူမကို သန့်စင်ခန်းတံခါးဖွင့်ပေးပြီး ကူညီပေးခဲ့ပါတယ် ။သူမဟာချစ်သူကို ပေကျံသွားမှာဆိုးပြီး သူမကိုမကူညီဖို့ပြောခဲ့ပေမဲ့ ချစ်သူကောင်လေးဟာမထွက်သွားဘဲ သူမကိုသန့်ရှင်းအောင်ကူညီပေးခဲ့ပြီး အဝတ်များကိုလည်းလျှော်ဖွတ်ပေးကာ သူမလှည်းဝတ်ဖို့ဝတ်စုံသစ်လေးပြင်ဆင်ပေးခဲ့ပါတယ် ။

ဒုက္ခပေးခဲ့မိတယ်ဆိုပြီးသူမရဲ့ချစ်သူကိုတောင်းပန်ခဲ့ပေမဲ့လည်း ကောင်လေးဟာသူမကိုနှစ်သိမ့်ပေးခဲ့ပြီး ၊ လူတိုင်းယခုကဲ့သို့ အလောသုံးဆယ်ဖြစ်တတ်ကြောင်းသူမကိုယုံကြည်အောင်ပြောပြပြီး ၊ သူမရဲ့ခန္ဓာကိုယ်မှဓာတ်မတည့်၍ဖြစ်ပေါ်ခြင်းသာဖြစ်၍တောင်ပန်စရာမလိုကြောင်း သူမကိုပြောခဲ့ပါတယ် ။တကယ့်ကို ချစ်သူကောင်မလေးကို မရှက်မရအောင်ကူညီပေးခဲ့တဲ့ချစ်သူကောင်လေးအဖြစ် လူအများကချီးကျူးခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*