ပရိတ်သတ်တွေ ထပ်တူခံစားခဲ့ရတဲ့ အကယ်ဒမီ မင်းသမီးကြီး မယ်လိုဒီရဲ့ ရင်ဖွင့်ချက်

ပရိတ်သတ်တွေထပ်တူခံစားခဲ့ရတဲ့ အကယ်ဒမီ မင်းသမီးကြီး မယ်လိုဒီရဲ့ ရင်ဖွင့်ချက်မယ်လိုဒီကတော့ မကြာသေးခင်က ခင်ပွန်းဖြစ်သူနဲ့ နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲထားတာ ဖြစ်ပြီး လက်ရှိမှာတော့ချစ်စရာကောင်းတဲ့ တဦးတည်းသော သားလေးနဲ့အတူ ပျော်စရာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေသူဖြစ်ပါတယ်။

ဘာသာတရားကိုလည်းရိုသေကိုင်းရှိုင်းသူဖြစ်ပြီး သူမရဲ့ဆိုရှယ်မီဒီယာကနေတဆင့် သူမရဲ့ တနေ့တာ လှုပ်ရှားမှုများကိုလည်းအမြဲလို မျှဝေပေးနေသူပါ။မယ်လိုဒီကတော့ အခုချိန်မှာ အနုပညာလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်းရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

အချိန်တခုအထိ အနုပညာလောကကို ကျောခိုင်းခဲ့ပေမဲ့လည်း ပရိတ်သတ်အားပေးမှုကိုတော့ အမြဲမပြတ် ရရှိနေသူပါ။ဘာသာတရားကိုင်းရှိုင်းပြီး လောကဓံတရားကို ကြံ့ကြံ့ခံနေတဲ့ မယ်လိုဒီကတော့ သူမရဲ့ my day ကနေတဆင့်” အသက်မသေခင် အားလုံးကို တရားသဖြင့် စွန့်လွှတ်နိုင်တဲ့သူ ဖြစ်ချင်တယ် ” ဆိုကာ သူမရဲ့ စိတ်ဆန္ဒကို ပြောပြခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ လူတိုင်းကတော့ မကွယ်လွန်ခင်မှာ ပြည့်စုံသွားချင်တဲ့ စိတ်ဆန္ဒတွေဆိုတာ ရှိကြမှာပဲနော်။အခုဖော်ပြခဲ့တာကတော့ သရုပ်ဆောင် မယ်လိုဒီရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။အစမှ အဆုံး ဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*