မြန်မာနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်း တရုတ်နိုင်ငံကို ကျော်တက်သွားပြီ

ရန်ကုန်၊ နိုဝင်ဘာ ၂၈။

မြန်မာနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်းသည် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံကို ကျော်တက်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားသည့် ကမ္ဘာ့နိုင်ငံ ၈၀စာရင်းမှာ ယခင်က မြန်မာနိုင်ငံသည် အဆင့် ၇၁နေရာမှာ ရပ်တည်နေသော်လည်း ယခုအချိန်မှာ တရုတ်နိုင်ငံကို ကျော်တက်ပြီး အဆင့် ၆၈နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာဦးရေသည် နိုဝင်ဘာလ ၂၇ရက်နေ့ ညပိုင်းအချိန်အထိ ၈၆၆၃၃ဦးရှိကာ တရုတ်နိုင်ငံသည် ၈၆၄၉၅ဦးရှိတယ်လို့ သတင်းများအရ သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသေဆုံးသူသည် ၁၈၆၅ဦးရှိကြောင်း သိရပြီး တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါဖြင့်သေဆုံးသူ ၄၆၃၄ဦးရှိကာ တရုတ်နိုင်ငံသည် အဆင့် ၇၀နေရာသို့ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၈၆၆၃၃ဦးအနက် ရောဂါပြန်လည်သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေသည် ၆၅၉၇၂ဦးအထိရှိတာလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*