အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ ခရီးသည်မလေး

ဖီလစ်ပိုင်မှာ Christina Tan လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ တက္ကစီတစ်စီးကို ငှားစီးခဲ့ပါတယ်။ သူငှားစီးတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ အသက် ၇၀ အရွယ် အဘတစ်ယောက်ဖြစ်ပါတယ်။ အဆိုပါ အဘဟာ သူအရမ်းအိပ်ချင်နေတယ်လို့ ကားမောင်းဖို့အတွက်အဆင်မပြေကြောင်းပြောတဲ့အခါ ခရီးသည်အမျိုးသမီးက သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကို မောင်းပြီး တက္ကစီသမားအဘကို ကားနောက်ခန်းမှာ အိပ်ခိုင်းလိုက်ပါတယ်။

ခရီးရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေကို ပေးပြီး အသက်ကို မေးလိုက်ပါတယ်။အသက် ၇၀ရှိပြီဆိုတာ သိတဲ့အခါ ကားကို အနားယူပြီးမှ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုကို စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာဆိုးတယ်လို့ ပြောခဲ့ပါတယ်။

Christina ရဲ့ အဆိုအရ တက္ကစီသမားအဖိုးဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီး အရမ်းလည်း အိပ်ချင်နေပါတယ်။ သူပေးအိပ်လိုက်တဲ့ အချိန်မှာတော့ အဖိုးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ဟောက်တောင် ဟောက်နေပါတယ်။ ခရီရောက်ပြီး အဖိုးအိုနိုးလာတဲ့နောက်မှာတော့ Christina ဟာ အဖိုးအိုနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး ဒီအဖြစ်အပျက်လေးကို facebook ပေါ်မှာ မျှဝေခဲ့ပါတယ်။

facebook သုံးစွဲသူတွေတော်တော်များများက သူမရဲ့ ကြင်နာတတ်တဲ့အကျင့်လေးကို ချီးကျူးပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ လောကမှာ တကယ်လိုအပ်တဲ့အချိန် ဘာလေးပဲဖြစ်ဖြစ်ကူညီလိုက်ရတာ တစ်ဖက်သူအတွက် တန်ဖိုးမဖြတ်နိုင်သလို ကိုယ့်အတွက်လည်း ဘာနဲ့မှ လဲလို့မရတဲ့ ကြည်နူးမှုမျိုးကို ခံစားစေရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*