ချစ်သူကောင်မလေးတွေကို အသည်းမကွဲစေချင်လို့ဆိုပြီး ချစ်သူနှစ်ယောက်နဲ့တစ်ပြိုင်တည်းလက်ထပ်ခဲ့တဲ့ အမျိုးသား (ရုပ်/သံ)

တစ်ချို့လူတွေများကတော့ ရည်းစားမရှိလို့ single ဘဝကနေမကျွတ်မလွတ်နိုင်ဖြစ်ပေမဲ့ ၊ ဒီအမျိုးသားကတော့ ပုံမှန်လူတွေထက် ပိုလွန်သွားခဲ့ပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ West Kalimantanပြည်နယ်မှာနေထိုင်လျက်ရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ၏ချစ်သူကောင်မလေးနှစ်ယောက်လုံး နာကျင်ခံစားသွားရမှာဆိုး၍ ချစ်သူကောင်မလေးနှစ်ယောက်လုံးနှင့်

မကြာခင်ကမှလက်ထပ်မင်္ဂလာပွဲကိုတစ်ပြိုင်တည်းကျင်းပသွားခဲ့ပါတယ် ။မင်္ဂလာပွဲကိုတော့ West Kalimantan ပြည်နယ်က Dusan Pangkalan Padan တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သတို့သမီးနှစ်ယောက်လုံးကို Rp 10,000 (မြန်မာငွေ 1000 ကျပ်ဝန်းကျင်)ဖြင့်သာတင်တောင်းခဲ့ကြောင်း သိရှိရပါတယ် ။

အဆိုပါလက်ထပ်မင်္ဂလာပွဲသို့ မိသားစုဝင်အကုန်လုံးတက်ရောက်ခဲ့ကြပြီး သတို့သား ၊ သတို့သမီးများပျော်ရွှင်စေရန်အတွက် ဆုတောင်းကောင်းချီးပေးခဲ့ကြကြောင်း သိရှိရပါတယ် ။သတို့သားကတော့ ‘ သူတို့တွေ နာကျင်ခံစားရမှာကို မမြင်ရက်လို့ နှစ်ယောက်လုံးနဲ့တစ်ပြိုင်တည်း လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါ ‘ဟူ၍ ပြောပြသွားခဲ့ပါတယ် ။

၎င်းတို့၏မင်္ဂလာပွဲ video ဟာအခုချိန်မှာတော့အတော်လေးကိုရေပန်းစားနေခဲ့ပြီး လူအများ၏တုံ့ပြန်ချက်အမျိုးမျိုးကိုလည်း ရရှိခဲ့ပါတယ် ။အဆိုပါ video ထဲမှာတော့ သတို့သားဟာ သတို့သမီးနှစ်ဦးလုံး၏ကြားထဲတွင် ထိုင်နေခဲ့ပါတယ် ။မင်္ဂလာပွဲမှာတော့ ၎င်းတို့၏ဦးခေါင်းကို အပြာရောင်ပိတ်စဖြင့်လွှမ်းခြုံးထားခဲ့ပြီး သတို့သမီးတွေဟာလည်း video ထဲမှာပြုံးပျော်နေကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*