အလှူရှင်တစ်ဦး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်ဝဲပြီး ငိုင်ကျသွားတဲ့ ဒိန်းဒေါင်

အလှူရှင်တစ်ဦး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်ဝဲပြီး ငိုင်ကျသွားတဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ အနုပညာလောငယကမှာ ဟာသလေးတွေနဲ့ ပရိသတ်တွေကို ရယ်မော ပျော် ရွှင်စေတဲ့အပြင် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာပါနော်။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဒိန်းဒေါင်ဟာ အလှူရှင်တစ်ဦး ပြောလိုက်တဲ့ စကား တစ်ခွန်း ကြောင့်ဘဲ မျက်ရည်ဝဲပြီး ငိုင်ကျသွားခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာပါနော်။ဒိန်းဒေါင်က “ကျွန်တော်မျက်ရည်ဝဲပြီးတော့ငိုင်သွားတယ် ။

အဲ့ဒီအမျိုးသမီးရဲ့ ပြောတဲ့စကားကြောင့် ကျွန်တော့ဘာသာစာလေးရေးတင်မလို့ သူ့ပုံလည်း ကျွန်တော့မှာရှိတယ်။ တစ်သောင်းလောက် လှူချင်လို့တဲ့ ရပါတယ်လို့ ကျွန်တော်နဲ့ ပြောနေရင်းနဲ့

မျက်စိဖြစ်နေတဲ့ကလေးလေးကို ထားဝယ်က ကလေးလေးကို သူတစ်သောင်းလောက်လှူချင်တယ်တဲ့။အဲ့ဒီကလေးကို လှူဖို့အ တွက် သူ့ရဲ့ဆံပင်ကိုရောင်းတာ ဆံပင်ကို ရောင်းပြီးလှူမှာ။

ဒါပေမယ့် ဒီအချိန်မှာ ဆံပင်က ဝယ်တဲ့ သူမရှိဘူး ။အဲ့တော့ သူအလုပ်တစ်ခုလုပ်တယ် ဒီကလေးလေးကို မြင်ကတည်းက သူလှူချင်နေ တာ အဲ့အတွက် ဆံပင်ကို သူလိုက်ရောင်းနေတာ အဲ့ဒါနဲ့ သူကျွန်တော့ကို တစ်သောင်းလှူတယ်။

ကျွန်တော်ပါ အဲ့ဒီအချိန်မှာ အရမ်းစိတ်ထိခိုက်ပြီး ကြောင်သွားတယ် အရမ်းမွန်မြတ်တယ်။ဒါပေမယ့် သူဒီတစ်သောင်းကို လှူလိုက်တယ် ။မျက်စိကလေးအတွက် သူရည်စူးတယ်နော် အဲ့ တစ်သောင်းက မျက်စိကလေးအတွက်လည်းရောက်ရမယ်။

ါပေမယ့် ကျန်တဲ့အ လှူတွေ အတွက်လည်း ကျွန်တော် သူ့ကို ထည့်ပေးမှာဥပမာ မျက်စိကလေးအတွက် သူတစ်သောင်းလှူတယ်မလား။ ကျွန်တော်မျက်စိကလေးအတွက် ကိုးထောင်လှူလိုက်မယ် တစ်ထောင်ကို ကျွန်တော်စိုက်ပေးလိုက်မယ် ။

သူ့တစ်ထောင်ကို ကျွန် တော့ ချွန်တွန်းပရဟိတ ထဲကို ကျွန်တော်ထည့်ပေးမယ်စပြီးလှူတဲ့အလှူ ထဲက နေအဆုံး ထိ သူ့အလှူပါစေချင်လို့ ကျွန်တော်တောင် သူ့ကိုနောက်ထားသေးတယ်။ ဆံပင်ရောင်းမလားတို့ ဘာ တို့ သူစိတ်ပျော်အောင်းနောက်တာ

သူငိုတယ် ကျွန်တော်ပါ အရမ်းဝမ်းနည်းတယ် သူ့ရဲ့မွန်မြတ် တဲ့အလှူအတွက်လည်း ကျွန်တော်ဝမ်းသာမိတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်နော်။ဒိန်းဒေါင်ကတော့ မွန်မြတ်လှတဲ့ အလှူရှင်ရဲ့ စေတနာလေးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပါ။credit

Be the first to comment

Leave a Reply

Your email address will not be published.


*