ကိုမာဖြစ်ပြီး 5နှစ်အကြာမှာသတိရလာခဲ့တဲ့ခင်ပွန်းက သစ္စာရှိလွန်းလှတဲ့ဇနီးသည်ကို ပြောခဲ့တဲ့စကားတစ်ခွန်း

ဒီအမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူ 5နှစ်လုံးလုံး ကိုမာဖြစ်နေတာကို လုံးဝလက်မလျှော့ပဲနဲ့ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် အတော်ဆုံးဇနီးဆုကို ချီးမြင့်ရလောက်အောင်ကိုထိုက်တန်လွန်းလှပါတယ် ။ Li Zhihua အမည်ရှိတဲ့အမျိုးသားဟာ 2013ခုနှစ်မှာ အလုပ်ကိုသွားရင် ယာဉ်မတော်တဆဖြစ်၍ဆိုင်ကယ်တိမ်းမောက်ခဲ့တဲ့အတွက် သူ၏ဦးနှောက်ဟာထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ရပါတယ် ။ ဆရာဝန်၏ပြောပြချက်အရ Zhihua ဆေးရုံသို့ရောက်ရှိလာခဲ့တဲ့အချိန်ကတည်းက

အသက်ရှင်ရုံမျှတစ်ပါး ဘားမှလုပ်ကိုင်နိုင်စွမ်းမရှိတဲ့အခြေအနေဖြစ်နေပြီး ၊ ဘယ်အရာကိုမှ တုန့်ပြန်နိုင်ခြင်းမရှိတော့ပါဘူး ။ထို့ကြောင့် ဇနီးသည်ဖြစ်သူ Zhang Guihuanကို ဆရာဝန်က ခင်ပွန်းသည်ဟာဘားမှလုပ်ကိုင်နိုင်ခြင်းမရှိတဲ့အခြေအနေအတိုင်း အမြဲဖြစ်နေနိုင်ပြီး ပြန်ကောင်လာဖို့မဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ် ။စိတ်ဓာတ်ကျစရာကောင်းလှတဲ့သတင်ကို ကြားခဲ့ရပေမဲ့လည်း ဇနီးသည်ဟာ အကောင်ဘက်ကိုသာတွေးတောပြီး ဆရာဝန်၏ရောဂါစစ်တမ်းများဟာ မှားယွင်းနေကြောင်းသက်သေပြဖို့ကြိုးစားခဲ့ပါတော့တယ် ။

ဇနီးသည်ဖြစ်သူဟာ ခင်ပွန်း၏အနားမှာ တစ်ရက်ကိုနာရီပေါင်း 20ကျော် အမြဲပြုစုပေးခဲ့ပြီး ရက်ပေါင်း2000 နီးပါးကြာမြင့်ခဲ့ပါတယ် ။ခင်ပွန်းဖြစ်သူကိုပြုစုဖို့အတွက် စိတ်အားထက်သန်လွန်းလှတဲ့ဇနီးသည်ဟာ တစ်ရက်ကို3နာရီ (သို့) 4နာရီခန့်သာ အိပ်စက်အနားယူခဲ့ပြီး အဲတာတင်မကသေးပါဘူး ခင်ပွန်းဖြစ်သူရဲ့အခြေအနေပိုမိုတိုးတက်လာစေဖို့အတွက် ခင်ပွန်ကြိုက်နှစ်သက်တဲ့သီချင်းတွေကိုဖွင့်ပေးခဲ့ကာ မျှော်လင့်ချက်အပြည့်နဲ့စကားတွေအမြဲပြောပေးခဲ့ပါတယ် ။

အဆိုပါ 5နှစ်တာကာလအတွင်း ဇနီးသည်ဟာကိုယ်အလေးချိန် 10kg ခန့်ကျသွားခဲ့ပါတော့တယ် ။သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် 2018ခုနှစ်မှာ ခင်ပွန်းသည်ဟာ သတိပြန်လည်လာခဲ့ပါတယ် ။ရင်ထဲအထိဆုံးအရာတစ်ခုကတော့ Zhihua နိုးထလာခဲ့တဲ့အချိန်မှာ သူ၏ဇနီးဖြစ်သူကို ‘မိန်မ… ငါမင်းကိုချစ်တယ် ‘ ဆိုတဲ့စကားလေးတစ်ခွန်းပါပဲ ။

Zhihua ဟာစကားကောင်းမွန်စွာမပြောနိုင်သေးပေမဲ့လည်း သူအနီးအနားမှာဖြစ်နေတဲ့အရာအားလုံးကို သတိနိုးနိုးကြားကြားဖြင့် အမြဲရှိနေကြောင်းသိရှိရပါတယ် ။ Zhihua ဟာပြန်နလန်ထူတဲ့အစီအစဉ်တွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့တဲ့အတွက် တစ်နှစ်အကြာမှာတော့ လုံးဝကိုတိုးတက်ပြောင်းလဲခဲ့ပါတယ် ။ဆေးရုံက သူနာပြုလေးတွေကတော့ ခင်ပွန်းသည်ကိုငြိုငြင်ခြင်းမရှိ စိတ်ရှည်စွာပြုစုစောင့်ရှောက်ခဲ့တဲ့ဇနီးသည်ကို အတော်လေးချီးကျူးခဲ့ကြပါတယ် ။ဇနီးဖြစ်သူ Madam Zhang ကိုမေးမြန်းခဲ့စဉ်မှာတော့ သူမစိတ်ထဲမှာလက်လျော့ပစ်ဖို့တစ်ခါးမှ မတွေးမိကြောင်းနှင့် သူမခင်ပွန်းအသက်ရှင်နေသရွေ့တော့ သူမအကောင်းဆုံးအားပေးကူညီစောင့်ရှောက် သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*