တရား ထိုင်တာ၊ ဘုရားစာရွတ်တာ ၊ဥပုသ်စောင့် တာ ဘယ်အရာက ကုသိုလ်ပိုရလဲ?

မေး။ ။အရှင်ဘုရား – တရားထိုင်လို့ရတဲ့ ကောင်းကျိုးနဲ့ ဘုရားစာရွတ်ဖတ်ပြီး ဘုရားရှိခိုးတာ ၊ဥပုသ်စောင့်တဲ့ ကောင်းကျိုးနဲ့ဘယ်ဟာကပိုပြီး စိတ်ငြိမ်းချမ်းမှုကို ပိုရနိုင်ပါလဲ ဘုရား။

ဖြေ။ ။ဘုန်းဘုန်းက အဲဒီ လို မနှိုင်းယှဉ်တတ်ဘူး။နှိုင်းယှဉ်ပြီးတော့ ကြည့်တဲ့ အလေ့အထ လုပ်မထားဘူး။ ကိုယ့်ကိုယ်ကိုလည်းပဲ သူများနဲ့ နှိုင်းယှဉ်ပြီးတော့ကြည့်တဲ့ဟာမျိုး မလုပ်ဘူးပေါ့။

အဲလို လုပ်မယ့် အစားcomplementary approach ဆိုတာ ….ဥပုသ်စောင့်တဲ့ဟာနဲ့ တရားထိုင်တဲ့ဟာ …ဘယ်လိုအပြန်အလှန် အကျိုးပြုတုန်းဘုန်းဘုန်းက အဲလိုတွေးတယ်။တစ်ခုစီ ဘုန်းဘုန်းက မတွေးဘူး။

မဂ္ဂင် ၈-ပါးကို ဘုန်းဘုန်း ဒါလေး ဆွဲပြချင်တယ်။ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်က ဒီထဲမှာ အကုန်ပါတယ်။ဒီ ဓမ္မစကြာထဲမှာ အကုန်ပါတယ်။

အဲဒီ စကြာ က သူက အဲဒီ wheel လေ တစ်ခုတည်းပဲ ၊ဒါပေမဲ့ – အဲတစ်ခုတည်းကအရည်အသွေး ဘယ်နှစ်ခုကို integrate လုပ်ထားတုန်း ပေါင်းစပ်ထားတုန်းဆိုတော့၈ – ခု ပေါင်းစပ်ထားတယ်။

အဲတော့ သမီးက မေးတဲ့ အထဲမှာ …ဥပုသ်စောင့်တာ နဲ့ တရားထိုင်တာဘယ်ဟာက ပိုကောင်းလဲဆိုတာ …ဘုန်းဘုန်း အဲလို မတွေးတာကဘုန်းဘုန်းက ဒီအတွေးတွေအတိုင်းကိုယ့်ကိုယ်ကို train လုပ်ထားလို့။

ဥပုသ်စောင့်တာ ကို အကန့်တစ်ကန့်လို့ ဘုန်းဘုန်းက ယူဆတယ်။ ဘုရားစာရွတ်တာကို အကန့်တကန့်လို့ ယူဆတယ်။ တရားထိုင်တာကို အကန့်တစ်ကန့်လို့ ယူဆထားတယ်။

အဲလို – အကန့်တွေ များလာရင်ကောင်းတဲ့အကန့်တွေ များလာရင် …ဒီလူက သူဘာပဲ လုပ်လုပ်အကုန်လုံး အဲဒီအရည်အသွေးတွေက အချင်းချင်းဒီလို လက် ၅ – ချောင်းလို .. တချောင်း နဲ့ တချောင်း အထောက်အကူဖြစ်တယ်ပေါ့။

အဲတော့ – ဥပုသ်စောင့် တဲ့ လူကလည်းပဲ သူရဲ့စိတ်ကို သူဆုံးမတာပါပဲ , train လုပ်တာပါပဲ။ အစားအသောက်နဲ့ ပတ်သက်တာတွေ

နောက် music နဲ့ ပတ်သတ် တာတွေအဲဒါမျိုးတွေ သူ့စိတ်ကိုသူ train လုပ်တယ်Destruction တွေ မများအောင်။တရားထိုင်တဲ့အခါလည်း ဒါပဲ လုပ်တာပဲ။

စိတ်ထဲမှာ Destruction တွေ သိပ်ပြီးတော့ မများအောင် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် လုပ်တာ ..

ဒါကြောင့် – ရည်ရွယ်ချက်ချင်း တူတယ်။ဒါကြောင့် ဘုန်းဘုန်းအနေနဲ့သမီးကို ဘယ်လို တွေးစေချင်းတုန်း ဆိုတော့ …ဘယ်ဟာက ပိုကောင်းတယ်ဆိုပြီးတော့ တွေးတာထက် … ဘယ်ဟာက ဘယ်ဟာနဲ့ သူတို့အချင်းချင်း

အထောက် အကူ ဘယ်လိုဖြစ်သလဲ – အဲဒါတွေးစေချင်တယ်။အဲဒီ approach ကို အင်္ဂလိပ်လို Integral Approach.

အရင်တုန်းကလေ – မင်းတုန်းမင်းခေတ်တုန်းက

ဒါနက ပိုအရေးကြီးတယ် တချို့ပြောတာ ..တချို့ကပြောတယ် မဟုတ်ဘူး။သီလက ပိုအရေးကြီးတယ် .. တချို့က ပြောတယ်။တချို့က ဘာဝနာ ပိုအရေးကြီးတယ်။

ယောမင်းကြီး ဦးဖိုးလှိုင်က …

ဘာဝနာတစ်ခုပဲ အရေးကြီးတယ် ဆိုပြီးတော့ ..ဒါန နဲ့ သီလကို သူက ပယ်လိုက်တယ်။ အဲဒါကို – မဟာဝိသုဒ္ဓါ ရုံဆရာတော်ကြီးက ပြန်ပြီးတော့ရေးပြီး

မဟုတ်ဘူးဒီသုံးခု ဘယ်လို အကျိုးပြုတယ်ဆိုတာ ပြန်ပြီးတော့ရေးတယ်။

ဆိုလိုတာက – ဗုဒ္ဓရဲ့အတွေးအခေါ်က …

အရည်အသွေးတွေ အများကြီးရှိ တဲ့နေရာမှာအရည်အသွေးတစ်ခု နဲ့ တစ်ခု ပြိုင်အောင် မလုပ်ဘဲနဲ့အဲဒီနည်းကို မရှာဘဲနဲ့ …..

အဲဒီ အရည် အသွေးတွေ အားလုံး စုပေါင်းပြီးတဲ့ အလုပ်လုပ်တဲ့အခါ ဥပမာလေး တစ်ခုပြောမယ်ဆိုရင် -လက်ငါးချောင်း သူတို့က ပြိုင်ကြတယ်တဲ့။

လက်မ – သူက နုလုံးသားနဲ့ အနီးဆုံးပဲတဲ့

ဒါကြောင့် သူက ပိုအရေး ပါတယ်တဲ့။လက်ညှိုးက – အဲဒါ မခံချင်ဘူး။စကားများမနေနဲ့တဲ့ အမိန့်ပေးရင် ကျုပ်ကမှ အမိန့်ပေးတာ၊ ကျုပ်စကားပဲ နားထောင်တယ်။

လက်မနဲ့ ဒီလို သွားပြီးထိုး ဘယ်သူမှ နားမထောင်ဘူးတဲ့ ..သူက ပြောပြန်ရော။

ပြိုင်နေတာ အဲဒါကို ဒီလက်ခလယ်က အဲဒါကို ကြားပြီးတော့ အရမ်း ကို အမြင်ကပ်တာနဲ့ သူလည်း ထပြီးတော့ ပြောတယ်တဲ့

ငါ အရပ်အရှည်ဆုံးပါ ,အဲလိုပြောတော့ -နောက် တချောင်း လက်သူကြွယ် – တိတ်တိတ်နေစမ်းတဲ့ ရတနာရှိတယ်ဆိုရင် ငါကမှ စွပ်ရတာ ၊ ဘယ်သူမှ မစွပ်ရဘူး။ သူကမှ တန်ဖိုးရှိတာတဲ့။

အဲဒါကိုအငယ်ဆုံးဖြစ်တဲ့ လက်သန်းလေးက – လုံး၀ မခံချင်ဘူး ..အေး – ဘုရားရှိခိုးရင် ငါ ရှေ့က နေရတယ်တဲ့။

အဲဒီလို မတွေးဘဲနဲ့ …

ဒီ. လက်ချောင်း စုပေါင်းပြီးတော့ ဆုပ်ရင်ဘယ်လို အားရှိတယ် ဒါလေးလက်ငါးချောင်းလုံး ကျောက်ခဲတစ်ခဲ ကို ကိုင်ပြီးတော့အတူတူ အဝေးကို လွှင့်ပစ်ပေါ့နော် …

စုပေါင်းအင်အားလုပ်ရင် ဘယ်လောက်ထိ ပစ်နိုင်တယ်။ဒါလေး ခေါင်းထဲမှာ ထည့်ထားဖို့ …။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ

ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*