ဘတ်စကားမှတ်တိုင်မှာ စောင့်နေတုန်း ဖုန်းဝင်လုတာတဲ့ (လူတွေ ဒီလောက်တောင် ဖြစ်နေကြပြီလား)

ဒီနေ့ မနက် ၉:၃၀ လောက်ကြီး ကြည့်မြင်တိုင်ဈေးဟောင်းမှတ်တိုင်မှာ သူငယ်ချင်း ၂ ယောက် ကားစောင့်နေရင်း ကိုယ်က ကားလာတာကို ကြည့် , သူငယ်ချင်းက ဖုန်းသုံးနေရင်း အဘွားကြီးတစ်ယောက် ရောက်လာပြီး ဖုန်းပေးဆိုပြီး တောင်းတယ်။

ပြီးတော့ ဖုန်းကိုစလုတယ်။ သူငယ်ချင်းကလည်း ထိုင်ရာကနေထ တောက်ခေါက်ပြီး ပြောဆိုနေတုန်းမှာ ကိုယ်က ထီးကျနေတယ် ကောက်လိုက်အုံးဆိုတော့ အဲ့ဘွားတော် က ကိုယ်တွေထီးကို နင်းထားတာ ပြန်မပေးဘူး ။ ကိုယ်လည်း ဒေါသထွက်ပြီး ဆောင့်ကန်ပြီး ထီးကို ပြန်ယူလိုက်တယ်။

အဲ့ဘွားတော်လည်း သူ့ဆလာအိတ်ကြီး လွယ်ပြီး ကိုယ်တွေကို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားတယ် ၊ကိုယ်တွေ စီးမယ့် ကားလာလို့ ကားပေါ်တက်ခါနီး အဲ့ ဘွားတော်က ပြန်ပြေးလိုက်လာပြီး ကိုယ့်လက်ထဲမှာ ကိုင်းထားတာက ဒံပေါက်နဲ့ အင်္ကျီကို ထပ်လုတော့တာပဲ။

ကိုယ်က ကားပေါ်တက်နေတုန်း ဒံပေါက်ထုပ်ကို အောက်က လိုက်လုတယ်။ မရတော့ အင်္ကျီကို အတင်းလုတယ်။ ကိုယ်လယ်း တော်တော် ဒေါသထွက်လာတာနဲ့ စောင့်ဆွဲလိုက်တယ်။ ကားက ထွက်သွားလို့ မဟုတ်ရင် အဲ့ဘွားတော် ကို သွားရိုက်ပစ်မှာ တော်တော်ဒေါသထွက်တယ်။

သူများပစ္စည်းကို အချောင်လိုချင်နေတာ ကားဂိတ် မှာ ကိုယ်တွေ ၂ ယောက်ထဲ မဟုတ်ဘူးနော် လူ ၅ ယောက် ၆ ယောက်လောက်ရှိတာ တစ်ယောက်မှ မကူညီပါဘူးတော် ကြည့်ကောင်းကောင်း နဲ့ ကြည့်နေကျတယ် ။ တစ်ခါတစ်လေ လေး Bus ကားစီးမိပါတယ် အလုခံရတဲ့ အဖြစ်နဲ့ကြုံရတယ်လို့။

အမြဲတမ်း Bus စောင့်စီးတဲ့ မိန်းကလေးတွေ ဂရုစိုက်ကျပါ။ ညနေဘက်, ညဘက်တွေ မှတ်တိုင်မှာ တစ်ယောက်ထဲဖြစ်နေရင် ပိုပြီးသတိရှိကျပါ။ တကယ်တမ်း ဖြစ်ရင် ဘယ်သူမှ ကိုယ့်ကို မကူညီပါဘူးနော် ကိုယ့်လက်နဲ့ ကိုယ့်ခြေသာ အားကိုးပါ။ ကိုယ့်ကို လာထိရင် ပြန်သာ လုပ် , ရှက်ပြီး ငြိမ်ခံနေရင်တော့ ပစ္စည်းပါမှာပဲ။

Laurel Nann

Be the first to comment

Leave a Reply

Your email address will not be published.


*