မိန်းမနဲ့ ရည်းစား ကြားက ကြီးမာတဲ့ ကွာခြားချက်များ

မိန်းမနဲ့ ရည်းစား ဘယ်လိုကွာခြား

အိမ်ထောင်ရှင်အမျိုးသားတွေအတွက် မိန်းမနဲ့ ရည်းစားအပေါ် သတ်မှတ်ချက် အချို့ကို တီဗွီနဲ့ မိုဘိုင်းဖုန်းရဲ့ ကွာခြားချက်လေးတွေနဲ့ ခိုင်းနှိုင်းပြချင်ပါတယ်။ အိမ်သူသက်ထား မိန်းမတွေကတော့ တီဗွီနဲ့တူပြီး ရည်းစားကတော့ မိုဘိုင်းဖုန်းနဲ့ တူပါတယ်တဲ့။

– သင်အိမ်မှာရှိချိန်ဆိုရင်တော့ တီဗွီကိုကြည့်လေ့ရှိပြီး အပြင်သွားရင်တော့ မိုဘိုင်းဖုန်းကိုသာ ယူဆောင်သွားတတ်ပါတယ်။

– တစ်ခါတစ်လေမှာ သင်ဟာ တီဗွီကနေ ပျော်ရွှင်မှုတွေရနိုင်ပေမယ့် အချိန် တော်တော်များများကိုတော့ မိုဘိုင်းဖုန်း ကစားရင်းနဲ့ ဖြုန်းပစ်တတ်ကြပါတယ်။

– တီဗွီအစီအစဉ်တွေက အလကားရပေမယ့် မိုဘိုင်းဖုန်းကတော့ ပိုက်ဆံမသွင်းရင် ဆက်သွယ်မှု ပြတ်တောက်သွားမှာပါ။

– တီဗွီက ကြီးမား ၊ တုတ်ခိုင်ပြီး ပုံစံတုံးပါတယ်။ မိုဘိုင်းဖုန်းတွေကတော့ ချစ်စရာကောင်းခြင်း၊ သေးသွယ်ခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း စတဲ့ အရည် အချင်းတွေရှိပါတယ်။

– တီဗွီမှာ ထိန်းချုပ်နိုင်တဲ့ ရီမုဒ်ကွန်ထရိုးရှိပါတယ်။ မိုဘိုင်းဖုန်းမှာတော့ မရှိပါဘူး။

– တီဗွီအတွက် အသုံးပြုရမယ့်ကုန်ကျငွေက ကျေနပ်လက်ခံနိုင်တဲ့ပမာဏ ရှိပေမယ့် မိုဘိုင်းဖုန်းကတော့ တစ်ခါတစ်ရံ ဈေးနှုန်းတောင်းဆိုမှု မြင့်မားပါတယ်။

– အရေးအကြီးဆုံးကတော့ မိုဘိုင်းဖုန်းမှာ ဆက်သွယ်ဖို့နည်းလမ်းနှစ်မျိုးပါရှိ ပါတယ်။ မိုဘိုင်းဖုန်းတွေက စကားပြောလို့ရရုံမက နားထောင်လို့လဲရပါတယ်။ ဒါပေမယ့် တီဗွီတွေကတော့ နားထောင်ဖို့တစ်မျိုးတည်းအတွက်ပါပဲ ။သူ့ကို ဘာမှပြန်ပြီး စောဒကတက်လို့မရပါဘူး ။

– နောက်ဆုံး တစ်ချက်ပါ ဒါပေမယ့် ဒါလဲပဲအရေးကြီးပါတယ်။ တီဗွီတွေမှာ ဗိုင်းရပ်ပိုးမဝင်နိုင်ပါဘူး။ ဒါပေမယ့် မိုးဘိုင်းဖုန်းတွေမှာတော့ တစ်ခါတစ်ရံ …….

ကဲကဲ .. ဒီလိုဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားရတာပေါ့နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*