
ဖိလစ်ပိုင် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Winchester Lemen ဆိုသူဟာ ဖိလစ်ပိုင်တောင်ပိုင်းမှာနေထိုင်ပြီး မသုံးတော့တဲ့ အလေလွင့် ပလတစ်စတစ်တွေကို ကလေးကျောင်းကခုံလေးတွေအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ပလစ်စတစ်တွေကို အရည်ဖျော်ပြီး သူ့ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ကလေးကျောင်းအတွက် ရောင်စုံခုံလေးတွေ ဖန်တီးခဲ့ပါတယ်။ အံ့သြစရာက သူ့ရဲ့ခုံဒီဇိုင်းကို ၂ဝဝကျော်တောင် မှာယူကြတယ်လို့ သိရပါတယ်။
သူ့ရဲ့” Green Fund” ပရောဂျက်ကိုသဘောကျပြီး Lemen ဆီက ခုံတွေမှာယူကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပလတ်စတစ်ကြောင့် ရေညစ်ညမ်းမှုအခြေအနေဟာ တော်တော်လေးဆိုးနေပါပြီ။ ဒါကြောင့် ပလတစ်စတစ်နဲ့ ဈေးဝယ်အိတ်တွေ ၊ အခြားအသုံးဆောင်တွေအဖြစ် ပြန်လည်အသုံးပြုနေကြပါတယ်။
သူပြုလုပ်ထားတဲ့ ခုံလေးတွေဟာ အချိန်အကြာကြီးအသုံးပြုလို့ရပါတယ်။ ပလတ်စတစ်တွေကြောင့်ရေဆိုးဖြစ်ပေါ်မှုကို လျော့ချပေးနိုင်ခဲ့သလို တစ်ဖက်မှာလည်း ကလေးတွေအတွက် ရောင်စုံခုံလေးတွေအဖြစ် ပြန်အသုံးတည့်အောင် အသုံးချနိုင်ခဲ့တဲ့ Lemen ရဲ့အိုင်ဒီယာ လေးစားစရာပါပဲ။
Leave a Reply