
ဂိမ်းဆိုတာလည်း တစ်ယောက်တည်းဆော့တာထက် သူငယ်ချင်းတွေနဲ့ အတူတူဆော့တာကမှ အရသာပိုရှိနေတယ်မဟုတ်လား။ ဒါကို ဒီ သူငယ်ချင်းတစ်သိုက်ကတော့ သက်သေပြသွားခဲ့ပါတယ်။
Complaint Singapore ဆိုတဲ့ Facebook group မှာ Les Yam ဆိုတဲ့ account ဟာ post တစ်ခုတင်လာခဲ့ပါတယ်။ အဲဒါကတော့ သူတို့ရဲ့တစ်နေ့တာကို ဂိမ်း ထူးထူးဆန်းဆန်းဆော့ခဲ့တယ်ဆိုတဲ့အကြောင်းလေးပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းက သူတို့သူငယ်ချင်းတစ်သိုက် ရုပ်ရှင်ရုံတစ်ရုံကို အပြတ်ငှားခဲ့ပါတယ်တဲ့။ Funan SG ဆိုတဲ့ မိသားစုရုပ်ရှင်ရုံလေးပါ။ ရုပ်ရှင်ရုံကို ဒေါ်လာ ၄၃၅ ဒေါ်လာပေးပြီးတော့ အချိန် ၃ နာရီကြာအောင်ငှားခဲ့တာပါ။ အခုကြုံတွေ့နေရတဲ့ ကပ်ရောဂါဘေးကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားခဲ့တာ ၁ နှစ်လောက်တောင်ရှိနေပါပြီ။ ဒါကြောင့်မလို့ ပြည်တွင်းလုပ်ငန်းသေးလေးတွေကို ကူညီဖို့ဆိုပြီးတော့ ပိတ်ထားတဲ့ ရုပ်ရှင်ရုံလေးကို ငှားပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ခဲ့တာပါတဲ့။ တခြားလူတွေလည်းမပါတော့ ကျန်းမာရေးအတွက်လည်း စိတ်ချရတာပေါ့လေ။
Les Yam တို့ကတော့ ရုံထဲကို ကိုယ်ပိုင် ဂိမ်းစက်ယူပြီး ကစားခဲ့ကြတာပါတဲ့။ နောက် အစားအသောက်တေလည်း ရှိတော့ ၃ နာရီဟာ ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင် မသိပါဘူးတဲ့လေ။ ခံစားချက်ကတော့ screen အကြီးကြီးနဲ့ သူငယ်ချင်တွေနဲ့အတူတူ ဂိမ်းကစားရတဲ့အတွံက် ပျော်ဖို့ တော်တော်လေးကိုကောင်းပါတယ်တဲ့လေ။ သူကတော့ နောက်တစ်ခေါက်လည်း ထပ်သွားဖြစ်နေဦးမှာကါတဲ့။
Leave a Reply