
လွှတ်တော်အမတ်အမျိုးသမီးရဲ့ အိပ်ခန်းပုံကိုကြည့်ပြီး ထိတ်လန့်ခဲ့ကြတဲ့ ထိုင်ဝမ်ပြည်သူများ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၂.၁၁.၂၀၂၀)တုန်းက Kao Chia-yu ဆိုတဲ့ Facebook အကောင့်ကနေပြီးတော့ ပိုစ့်တစ်ခုတင်လာခဲ့ပါတယ်။ သူမရဲ့ အိပ်ခန်းကို ဘွင်းဘွင်းရှင်းရှင်းပြထားတဲ့ ပုံတွေပါ။
ပိုစ့်ကိုမကြည့်ခင် အရင်ဆုံးသူမနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူမကတော့ အသက် ၃၀ တန်းရှိနေပြီဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ အင်အားကြီး ပါတီတစ်ခုဖြစ်တဲ့ Democratic Progressive Party (DPP) ကိုယ်စားပြု လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီ အလုပ်ရာထူးအဆင့်နဲ့ဆိုရင် သူမဟာ ထိုင်ဝမ်ရဲ့ ဝင်ငွေအကောင်းဆုံး လူတန်းစားထဲမှာ ပါဝင်လို့နေတာကို ငြင်းလို့ရမှာမဟုတ်ပါဘူး။ တလောတုန်းက မီဒီ၎င်းယာတစ်ခုကနေပြီး သူမဟာ ဝင်ငွေကောင်းသူတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ခန်းကြီး ၂ ခန်းနဲ့ မြေ ၂ နေရာတို့ကို ပိုင်ဆိုင်ထားပြီဆိုတဲ့သတင်း တက်လာခဲ့ပါတယ်။Kao Chia ကတော့ ဒီကိစ္စကို အပြတ်ကိုငြင်းခဲ့တာပါ။
ထိုင်ဝမ်လို နေထိုင်စရိတ်မြင့်မားတဲ့ နေတာမျိုးမှာ လူငယ်တွေ အိမ်ပိုင်ရဖို့ ဘယ်လောက်ခက်ခဲကြောင်းကို သးမအသိဆုံးပါတဲ့။ ဘာကြောင့်လဲဆိုရင် သူမတောင် ၂၂ နှစ်လုံး ရုန်းကန်ခဲ့တာတောင်မှပဲ အိမ်နဲ့ခွဲနေပြီး အလုပ်ရလုပ်ကတည်းကိုက
တိုက်ခန်းငှါးဘဝနဲ့ နေလာခဲ့တာပါတဲ့ တိုက်ခန်းငှါးဘဝဖြစ်တာကြောင့် အိမ်ပိုင်ယာပိုင်လိုမေိုး သူမရဲ့ အသုံဆောင်ပစ္စည်းတွေကို စိတ်ကြိုက်ထားခွင့်မရှိနေသလို အလုပ်တအားများတဲ့အတွက် အိမ်ကိုလည်း ကောင်းကောင်း မရှင်းနိုင်ပါဘူးတဲ့လေ။
ဒီကိစ္စကို သက်သေအနေနဲ့ Kao Chia ဟာ သုမရဲ့ လက်ရှိအခန်းအခြေအနေကို ဓာတ်ပုံရိုက်ပြီး Facebook မှာ တင်လာခဲ့တာပါ။ လူတွေရဲ့ ကရုဏာသက်မှုကို ရရမယ့်အစား Kao Chia ဟာ အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ပျက်စရာကြီး၊ ဝင်ငွေကောင်းတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ အခန်းက ဒီလိုကြီးလား ဘာညာနဲ့ ကဲ့ရဲ့ခံနေရကြောင်း Asiaone ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။
Leave a Reply