ကိုယ့်ချစ်သူနဲ့ စကားပြောတတ်အောင် မယားငယ်သံနဲ့ ဒီလိုလေ့ကျင့်စေချင်တယ်….

ကိုယ့်ချစ်သူနဲ့လက်ထပ်ပြီးကတည်းက မယားငယ်သံနဲ့ စကားပြောတတ်အောင် လေ့ကျင့်စေချင်တယ်။

“ကိုကို အဟင့်အဟင့်”

“ဒါလေးဝယ်လိုက်မယ်နော် ကို”

“မီးလွလားဟင္”

“ဒီလိုဝတ်မယ်နော် ဘာမှ မပြောနဲ့”

“ဟင်းမချက်တတ်ပါဘူးဆို ……. ”

“ကိုကို ထမင်းခူးပေး”

“အာဘွား” စသည် စသည်ဖြင့်ပေါ့လေ။

ရခါစဆိုတော့ သူတို့ကလည်း အဲ့ဒီလို ပြောဆိုနေတာကို ကြည်နူးပီတိဖြစ်နေတာပဲ။

နောက် တစ်နှစ် နှစ်နှစ်လည်း အေးဆေးပဲ။ ကြည်နူးပီတိတော့ မဟုတ်တော့ပေမဲ့ ပျော်စရာကြီး ပဲပေါ့လေ။

သုံးလေးနှစ်ကြာတော့ ဒီအသံ ဒီဟန်တွေကို နည်းနည်း စိတ်ညစ်ပေမဲ့ အကျင့်ပါနေတော့ ….

“မီးလှလားဟင်” ဆိုလည်း ပြန်မကြည့်ပဲ “လှတယ်” တွေဘာတွေ ဖောရှော လုပ်ပေးတာပေါ့။

၅နှစ် ၆နှစ်လောက်လည်း ကြာရော အာဘွားဆို …. ပြီးပြီးရောပဲ။

၇ နှစ် ၈ နှစ်လည်း ကြာရော တော်တော်ကို စိတ်ညစ်ပြီ။

ဒါပေမဲ့ ကိုယ်တင်တဲ့စော်ကဲ ဆိုတော့လည်း ကိုယ်ဖြစ်ကိုယ်ခံ ပေါ့လေ။ အကျင့်ကပါသွားပြီကိုး။

“ကိုကို ထမင်းခူးပေးနော်” ဆိုရင် “စားနေတာပဲ၊ အဲ့ဒါကြောင့်ဝတာ။ သူစားတာ အရေးမကြီးဘူး။

ငါမှာ ထမင်းခူးပေးရ ပန်းကန်ဆေးရနဲ့။ ထမင်းပြီးရင်လည်း ဒီမိန်းမက မပြီးဘူး။

လဘက်လေး သစ်သီးလေး ဆိုပြီး လာဦးမှာ။

အသံကလည်း အိညှောင့်အိညှောင့် နဲ့ အသံနဲ့ မလိုက်အောင် ဝနေတာကို မှန်ကြည့်ခိုင်းရမယ်” စသည်ဖြင့် ….

စိတ်ထဲက ပြောနေသော်လည်း အကျင့်ပါပြီး “ဟုတ် ညီမလေး” လို့ ပြောလာလိမ့်မယ်။

ဒါတွေဟာ သိပ်တော့ အရေးမကြီးဘူး။အရေးကြီးတာ အခုလာပြီ။

တခြား ကောင်မလေးတွေက “ကိုကြီး အဟင့်အဟင့်” ဆိုတာနဲ့ သူတို့ဟာ သွေးကြောထဲက စိမ့်နေအောင် ကြောက်သွားလိမ့်မယ်။

“ကိုကြီး ဒါလေး ဝယ်ပေးနော်” ဆိုလို့ကတော့ ဝေးဝေးထွက်ပြေးတော့မှာ သေချာတယ်။

“ကိုကြီး မီးလှလာဟင်” ဆိုလို့ကတော့ လှည့်ကို မကြည့်တော့ဘူးမှတ်။

ပညာတတ် ယောကျ်ားတွေပဲလေ။ “တခါသေဖူး ပျဉ်ဖိုး နားလည်” ဆိုတဲ့ စကားပုံ ဘယ်သွားထားမလဲ။

ဟဲဟဲ…..။ အဲ့ဒါကြောင့် မိန်းမ မှန်ရင် မယားငယ်သံ ကို လေ့ကျင့်ကြပါလို့။ချောရူပါ