နှိပ်စက်လွန်းတဲ့ ချစ်သူရန်က လွတ်မြောက်ဖို့ တိုက်ခန်းဝရန်တာကကျော်ပြီး ထွက်ပြေးခဲ့တဲ့ မိန်းကလေး

ပီးခဲ့တဲ့ မေလ ၃၁ရက်နေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ နှိပ်စက်လွန်းတဲ့ ချစ်သူရန်ကနေ ရှောင်ပြေးခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်ဟာ တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။

မိန်းကလေးရဲ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Jiangsu, Huai’an ဒေသရှိ မီးသတ်အဖွဲ့က သူမကိုလာရောက်ကယ်တင်ပေးခဲ့ပါတယ်။

သူမချစ်သူက နှိပ်စက်လွန်းတာကြောင့် မခံစားနိုင်တော့လို့ ဒီလိုထွက်ပြေးရတာဖြစ်ကြောင်းပြောပြလာပါတယ်။
သူမ ဝရန်တာကနေ ကျော်ပြီး ထွက်ပြေးသွားတာ သူမချစ်သူကသိတော့ ပြန်မဝင်လာအောင် ပြတင်းပေါက်တွေ ၊ တံခါးတွေ အားလုံးကို လော့ချထားခဲ့ပါတယ်။

သူမလည်း ပြုတ်ကျမှာကြောက်လွန်းလို့ တိုက်ခန်းအစွန်းဖျားလေးတွေက ဘောင်ပေါ်မှာ ခြေထောက်ကို သေချာကုတ်တွယ်ထားရတယ်။

အိမ်နီးချင်းတွေကမြင်ပြီး ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ခေါ်လိုက်ရပါတယ်။ မီးသတ်အဖွဲ့တွေရောက်လာမှ သူမကို ကြိုးနဲ့ထိန်းပေးပြီး အခြားနီးစပ်ရာ ဝရန်တာကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။

သူမချစ်သူဟာ ဘယ်လောက်နှိပ်စက်လဲ ၊ ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာတော့ အသေးစိတ်မဖော်ပြထားပါဘူး။ ကယ်ဆယ်ရေး ဗီဒီယိုကတော့ အင်တာနက်မှာ လူကြည့်များပြီး ဝေဖန်မှုတွေမနည်းခဲ့ပါဘူး။ နောက်ဆက်တွဲပြဿနာကိုတော့ သက်ဆိုင်ရာတွေနဲ့ ဖြေရှင်းကြမယ်ထင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*