ဒူးရင်းသီးအနံ့မွှေးလွန်းလို့ မခံနိုင်တော့ဘဲ စတိုးဆိုင်အထိ ဝင်ပြီးခိုးစားခဲ့တဲ့ ဆင်ကြီး

ဒူးရင်းသီးကြိုက်နှစ်သက်ကြသူတွေအတွက် ဒူးရင်းသီးအနံ့ဟာ အမွှေကြိုင်ဆုံးအနံ့လို့သတ်မှတ်ရလောက်တဲ့အထိပါပဲ ။ ပြီးခဲ့တဲ့ July 7ရက်နေ့ဟာ Siriphon Kerdsuchon ဆိုတဲ့အမျိုးသမီးအတွက် မေ့ဖျောက်နိုင်လို့မရတဲ့နေ့လို့ဆိုရမှာပါပဲ ။ ဘာလို့လည်းဆိုတော့ သူမရဲ့စတိုးဆိုင်ထဲကို ဆင်ကြီးတစ်ကောင်ကဖြတ်ဝင်ပြီး ဒူးရင်းသီး 10 လုံးခိုးယူသွားခဲ့လို့ပါပဲ ။

အဆိုပါဆင်ကြီးဟာ ထိုင်းနိုင်ငံ ၊ Kaeng Krachan National Park မှ ဆင်ကြီးဖြစ်တယ်လို့ယူဆကြပြီး ၊ ဒူးရင်းသီးအနံ့ကိုမခံနိုင်တော့လို့ 12,000 ဘတ်တန်ဖိုးရှိတဲ့ သံပြတင်းကာကိုဖြတ်ပြီးဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

သံပြတင်းကာကိုပြင်ပြီးမကြာခင် ညဖက်မှာပဲ အဆိုပါဆင်ကြီးဟာ သံပြတင်းကာကိုထပ်ဖျက်ပြီး ဒူးရင်းသီးများအားထပ်မံလာရောက်ခိုးယူသွားခဲ့ကြောင်း သိရပါတယ် ။ ထိုအချိန်မှာတော့ ဆိုင်ရှင်ဟာ သူမရဲ့ဖုန်းနဲ့ ဆင်ကြီးရဲ့ရုပ်ပုံကိုအမိအရရိုက်ယူခဲ့ပါတယ် ။

သဘာဝဥယျာဉ်ခြံရဲ့ တာဝန်ရှိသူကတော့ အဆိုပါဖြစ်ရပ်ကို စစ်ဆေးပြီးတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

ဆင်တွေဟာ ဒူးရင်းသီးတွေကို စားဖို့ ဒူးရင်းသီးတွေကိုမြေကြီးပေါ်ပစ်ချပြီးနောက် ခြေတစ်ဖက်နဲ့နင်းပြီး ခွဲလေ့ရှိပါတယ် ။ ထို့နောက် ဆူးတွေပါတဲ့ဒူးရင်းသီးအခွံတွေကိုပါ ဝါးစားလေ့ရှိကြောင်းသိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*