ခြေထောက်ဖြတ်ရဆဲဆဲလူငယ်လေးကို ခြေထောက်မဖြတ်ရအောင်ထိ ကူညီလိုက်နိုင်ခဲ့တဲ့ ယုန်လေး

သရုပ်ဆောင်၊ အဆိုတော် ယုန်လေးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက မိမစုံ၊ ဘမစုံနဲ့ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက သူအောင်မြင်လာခဲ့ပြီး အတိုင်းအတာတစ်ခုထိအဆင်ပြေလာချိန်မှာတော့ သူနဲ့ဘဝတူ ချို့တဲ့သူတွေကို ကူညီချင်စိတ်အပြည့်ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေးက သူနဲ့ဘဝတူ လူငယ်လေးတစ်ယောက်ကို ကူညီပေးနိုင်ခဲ့ကြောင်းအခုလိုပဲ မျှဝေပေးလာပါတယ်၊

“မနေ့က မဟာမြိုင်နဲ့ တခြားဆေးရုံတွေ တက်ဖို့စုံစမ်းပါတယ်။ ခြေထောက်ဖြတ်တာ ဆေးရုံ ရက်ရှည်တက်ရမှာနဲ့ ကျွန်တော် မတည်ပြီး ကောက်ထားတဲ့ ငွေလေးနဲ့မလောက်ဘူး။

စစ်ဆေးရုံက ဖြတ်တာတွေနဲ့ ပက်သက်ရင် ပိုသင့်တော်တယ်လို့လည်း တစ်ချို့ဆရာဝန်တွေက ညွှန်ပါတယ်။ မနေ့ကလည်း စစ်ဆေးရုံနဲ့ ပတ်သက်ရင် ဘယ်သူ့ဆက်ရမှန်းမသိတော့ Fb ကလာမေးရင်းနဲ့ပဲ

တပ်မတော် နယ်လှည့်ဆေးကုအဖွဲ့နဲ့ချိတ်ပေးရင်း ဒီနေ့ စစ်ဆေးရုံမှာ တင်ခဲ့ပါပြီ”၊ “ခြေထောက်ဖြတ်ဖို့ ပိုက်ဆံမရှိလို့ အကူညီတောင်းတယ်။ ခြေထောက်ကို သူကျေကျေနပ်နပ်နဲ့ ဖြတ်ဖို့သေချာပြီးသား။

အခု အရမ်းဝမ်းသာစရာကောင်းတာက ခြေထောက် ဖြတ်စရာမလိုဖို့ ၉၀ ရာခိုင်နူန်းတဲ့ဗျာ။ အရမ်းပီတိဖြစ်တယ်။ ဒီညီလေးလည်း အရမ်းပျော်နေတယ် အခုကောက်ခံလို့ရတဲ့ငွေသိန်း ၂၀ နီးပါးကို

အိမ်လေးပြုပြင်ပေးပြီး ပုံမှန်ဝင်လမ်းလေးရတဲ့ အလုပ်လေးတစ်ခုကို အကောင်ထည်ဖော်ပေးခဲ့ပါမယ်ခင်ဗျာ။ ကျွန်တော်လို မိဘမဲ့လေးနောက်တစ်ယောက်ပျော်နေရှာပြီ”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ

မျှဝေလာပါတယ်၊ ယုန်လေးကတော့ သူ့ရဲ့ ကူညီမှုတစ်ခုနဲ့ အစစအရာရာ အဆင်ပြေသွားတော့မယ့် လူငယ်လေးအတွက် ထပ်တူဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးအစား

ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*