ချစ်ရတဲ့သူ ခြံဝနားကဖြတ်လျှောက်တာကို နေ့တိုင်းစောင့်ကြည့်နေတဲ့ခွေးကလေး

သူ့ခမျာနေ့တိုင်း ခြံတံခါးအောက်ကနေ အပြင်ကိုချောင်းကြည့်ပြီးစောင့်နေတာပါ။ ခွေးဆိုတဲ့သတ္တဝါကလဲ သံယောဇဉ်တွယ်မိရင်ပဲဖြစ်ဖြစ်၊ သူတို့ကနေချစ်မိသွားတဲ့လူပဲဖြစ်ဖြစ် အဲလူကိုသာ တစ်သက်တာမမေ့ပဲ အမှတ်ရနေတတ်ပါတယ်။

ဒီမှာတော့ Ralph အမည်ရခွေးလေးတစ်ကောင်ဟာ သူ့ခြံတံခါးအောက်ကနေ နေ့တိုင်းလိုလို ခေါင်းလေးမှောက်ပြီး အပြင်ကို ချောင်းနေတတ်ပါတယ်။ အကြောင်းကတော့ သူသံယောဇဉ်တွယ်မိတဲ့ Elisa ဆိုတဲ့ကောင်မလေးကြောင့်ပါ။

Ralph ဟာ နေ့တိုင်း ခြံရှေ့ကနေ Elisa ဖြတ်သွားမယ့်အချိန်ကို စောင့်နေတတ်ပါတယ်။ အသက်၁ရနှစ်အရွယ်ရှိ Elisa ဟာ ခြံရှေ့ကို ဖြတ်တိုင်း တံခါးအောက်ကနေ စောင့်နေတတ်တဲ့ Raloh ကိုနှုတ်ဆက်ပွတ်သပ်ပေးလေ့ရှိပါတယ်။

Elisa ပြန်ခါနီးကျရင် Ralph ဟာ ဝမ်းနည်းတဲ့မျက်နှာအမူအရာနဲ့ Elisaလက်ကို အသာကိုက်ထားတာ၊ ဒါမှမဟုတ် လက်ကို သူ့လက်နဲ့အသာတင်ပြီး ဆွဲထားတာလုပ်လေ့ရှိပါတယ်။ Ralph အကြောင်းကို Elisa က အင်တာနက်မှာတင်တဲ့အခါ ပြန်လည်မျှဝေသူအများအပြားရှိခဲ့ပါတယ်။ Elisa ဟာ ကျောင်းသွားတဲ့အခါတိုင်း Ralph အိမ်ရှေ့ကဖြတ်သွားရပြီး Ralph နဲ့စတင်သိခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*