ခြေသည်းခွံတွေကို လေလံတင်ရောင်းချနေတဲ့ အမျိုးသား

အသက် ၂၄ နှစ်ရှိ ဂျိမ်းစမစ်ဆိုတဲ့ ဥယျာဉ်မှူးတစ်ဦးကတော့ သူ့ခြေသည်းခွံတွေကို eBay လေလံဝက်ဆိုဒ်ကနေ ရောင်းချရဖို့ မျှော်လင့်နေပါတယ်။


ဂျိမ်းဟာ ဒီ့အတွက် သူ့ခြေသည်းခွံတွေကို သုံးပတ်ကြာ အရှည်ထားနေပြီး လေလံမအောင်မချင်း မညှပ်ဘူးလို့ ငြင်းဆန်နေပါတယ်။
သူ့ချစ်သူမိန်းကလေး အက်ရှလေကတော့ ဒီအခြေအနေကို စိတ်ပျက်နေတယ်လို့ ဂျိမ်းက ပြောပါတယ်။

ဒါပေမဲ့ သူ့ခြေသည်းတွေဟာ လက်ရှိမှာ ၄ ဒသမ ၇ ပေါင် အထိ နှစ်ကြိမ်လေလံခေါ်ခံထားရပြီဖြစ်ပြီး သတ်မှတ်ချိန်စေ့ဖို့ ငါးရက်သာ လိုတော့တယ်လို့လည်း ဂျိမ်းက ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။ လေလံအောင်တဲ့သူကို ညှပ်ပြီး ရောင်းမှာဖြစ်တဲ့ သူ့ခြေသည်းခွံ ၁၀ ခု စလုံးကို ဂျိမ်းက ဖေ့စ်ဘွတ်မှာလည်း တင်ထားပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*