“သီရိလင်္ကာ နိုင်ငံမှာ အစာရေစာ ရှားပါးလာမှုကြောင့် အမှိုက်ပုံတွေမှာ အစာရှာစားနေ ရတဲ့ ဆင်ကြီးတွေ”

သီရိလင်္ကာနိုင်ငံက အမှိုက်ပုံတွေမှာ အစာရှာစားနေရတဲ့ ဆင်ကြီးများ

သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းမှာ ဒါဇင်ချီတဲ့ ဆင်တွေ နေ့တိုင်း သစ်တောထဲက ထွက်လာပြီး အမှိုက်ပုံတွေမှာ အစာရှာနေရပါတယ်။ အမှိုက်ပုံတွေကို သူတို့နှာမောင်းတွေနဲ့ မွှေနှောက်ပြီး စားလို့ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှာဖွေနေကြတာဟာ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဇုန်နားက နိုင်ငံ့အကြီးဆုံး အမှိုက်ပုံ ၃ ခုမှာ နေ့စဉ် မြင်နေကျ ရှုခင်း ဖြစ်လာနေပါတယ်။

အမ်ပါရာဒေသထဲက အမှိုက်ပုံကို လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးနဲ့ ကာထားပေမယ့် ဆင်တွေက လမ်းပေါက် ရောက်လာခဲ့ပြီး ပလတ်စတစ်တွေနဲ့ အစာတွေကို ရောစားနေကြတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။

ဒါကြောင့် ၂၀၁၉ တနှစ်တည်းမှာ ဆင် ၃၆၁ ကောင် သေဆုံးခဲ့ပြီး ဒါဟာ စံချိန်သစ်ပဲ ဖြစ်တယ်လို့ သတင်းဌာနတွေက ပြောပါတယ်။

ါကြောင့် အစိုးရက ဆင်တွေကို ဟန့်တားဖို့ အမှိုက်ပုံပတ်လည်မှာ မြောင်းကြီးတွေ တူးထားခဲ့ပြီး အလုပ်ဖြစ်မယ်လို့ အရာရှိတွေက ရှုမြင်ထားပါတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်မယ်လို့ မယုံကြပါဘူး။

ဂယ်လိုယာ လယ်သမားများ ကော်မတီ အဖွဲ့ဝင် တစ်ယောက်က “ဆင်ရိုင်းတွေက အမှိုက်ပုံထဲ ဝင်မရလို့ အနားက ရွာတွေထဲ ဝင်လာပြီး ရွာသားတွေကို အန္တရာယ်ပေးတယ်၊ စိုက်ပျိုးမြေတွေထဲ ဝင်စားလို့ ပျက်စီးကုန်တယ်။ ဒါကြောင့် ဆင်နဲ့လူကြား ပဋိပက္ခ ပိုဆိုးလာပြီး ဆင်တွေ ဆုံးရှုံးရတယ်”လို့ ပြောပါတယ်။

တစ်နှစ်ကို ဆင်ကြောင့် သေဆုံးသူ ဦးရေ ၂၀ ကနေ ၈၀ ကြားမှာ ရှိနေပါတယ်။ လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလင်္ကာ ကျွန်းနိုင်ငံထဲမှာ ဆင်ရိုင်းကောင်ရေ ၇၅၀၀ လောက် ရှိနေတာပါ။

မွေးမြူရေးဆင်တွေကိုတော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုပွဲတော်တွေအတွင်း တစ်နှစ်လုံး သုံးလေ့ ရှိပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*