သင့်ကိုယ်သင် တန်ဖိုးမရှိဘူးလို့ ခံစားနေရပြီလား ဒီစာကို ဖတ်ကြည့်လိုက်ပါ

လူတိုတာ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တတ်တယ်ဆိုတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ခံစားမိနေရာကနေ ဘာမှအသုံးမကျဘူး ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး စသဖြင့် ခဏခဏ သင်ခံစားနေရပြီဆိုရင် ပြဿနာဖြစ်လာနိုင်ပါတယ် ။ ရပ်တည်ချက်မှန်ကန်ဖို့ ယုံကြည်ချက် တည်ဆောက်နိုင်ဖို့ ခွန်အားဖြစ်စေပြီး အသိရစေမယ့် အောက်ပါအချက်တွေက သင့်ကို အကူအညီပေးနိုင်မှာသေချာပါတယ်။

၁ – သင့်ကိုယ်သင် အထင်သေးလွန်းခြင်း

သင်ဟာ တန်ဖိုးမရှိဘူးလို့ သင့်ကိုယ်သင် ခံစားနေပါသလား။ တကယ်တော့ သင့်ရဲ့တန်ဖိုးဟာ သင့်ကိုယ်သင် ဘယ်နေရာမှာ ထားသလဲဆိုတာနဲ့မူတည်ပါတယ်။သင်ဟာ ဘယ်မှာမွေးတယ်၊ သင်ဘယ်က လာတယ်ဆိုတာတွေနဲ့မဆိုင်ပါဘူး။

သင်လုပ်နေတဲ့အရာတွေက တန်ဖိုးရှိတဲ့ အရာတွေဆိုရင် သင်လည်းတန်ဖိုးရှိပါတယ်။တန်းဖိုးမရှိတဲ့အရာတွေကို လုပ်နေသူဟာ တန်းဖိုးမဲ့နေတဲ့သူပါပဲ။ သင့်တန်ဖိုးကို သင်ကိုယ်တိုင် မြှင့်တင်လို့ရသလို သူတစ်ပါးတွေရဲ့ တန်ဖိုးကိုပါ မြင့်တက်လာအောင်ကူညီပေးလို့လဲရပါတယ်။

၂ – ပျော်ရွှင်ဖို့အတွက် ငွေကြေးကို သုံးစွဲခြင်း

ပိုက်ဆံတွေ အကုန်အကျခံပြီး ပျော်ရွှင်မှုကို ရှာဖွေစရာမလိုပါဘူး။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ဘေးမှာပဲရှိတာပါ။လိုက်ရှာနေစရာမလိုပါဘူး။

၃ – အတိတ်ထဲကနေ ရုန်းမထွက်နိုင်ခြင်း

ပြီးဆုံးသွားတဲ့ အတိတ်တွေကို သင့်စီရောက်အောင် ပြန်မခေါ်ချင်ပါနဲ့တော့။ အတိတ်မှာ သင်ဘာပဲဖြစ်ခဲ့ပါစေ၊ဘယ်လိုအမှားတွေပဲလုပ်မိပါစေ ပြန်တွေးပြီး စိတ်ဆင်းရဲခံနေမယ့်အစား လက်ရှိ ပစ္စုပ္ပန်မှာကောင်းအောင်နေကြည့်ပါ။

၄ – အတင်းအဖျင်းစကား ပြောခြင်း

တစ်ခြားလူတစ်ယောက်ရဲ့ မကောင်းကြောင်းကို သွားရေကျအောင် ထိုင်ပြောနေရတာကို သင်မရှက်ဘူးလား။သင်ဟာ လူတစ်ယောက်ရဲ့ မကောင်းကြောင်း အတင်းစကားတွေ တစ်ခြားတစ်ယောက်ကို ပြောလိုက်မိရင်အဲ့ဒီ သင့်စကားကို နားထောင်နေသူကပါ သင့်ကိုကြောက်ရွံ့လာမယ်။ ရွံလာလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မကောင်းကြောင်းကိုလည်း သင်က နောက်ထပ်လူတစ်ယောက်စီမှာ ပြန်ပြောနိုင်တာကြောင့်လေ။ကြာလာရင်သူတစ်ပါးရဲ့အားနည်းချက်ကို လှောင်ပြောင် အပုတ်ချတဲ့ သင့်ကို လူတွေက ရှောင်ဖယ်လာကြပါလိမ့်မယ်။သင်က ဘယ်သူ့မကောင်းကြောင်းကိုမှ မပြောရင် သင့်မကောင်းကြောင်းကိုလည်း ဘယ်သူကမှ မပြောရဲပါဘူး။

၅ – စိတ်အားငယ်နေခြင်း

ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ ကိုယ်လိုချင်တာတွေ ရမလာတဲ့အခါ၊ အားကိုးစရာမရှိတဲ့အခါ၊ ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိတော့တဲ့အခါမျိုးတွေမှာ စိတ်အားငယ်တတ်ကြပါတယ်။ဒါပေမယ့် အမြဲတမ်းတော့ အားငယ်နေလို့ မရပါဘူး။ ဘဝမှာ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေက ဖြစ်ချင်မှဖြစ်မယ်၊ ရချင်မှရမယ်ဆိုတာကို လက်ခံထားရပါမယ်။

ဘယ်သူကမှ သင့်ကို အရေးမလုပ်တော့တဲ့ အခါမျိုးတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ သင်တစ်ယောက်တည်း အထီးကျန်စွာနဲ့နေ့ရက် အချို့ကိုလည်း ဖြတ်ကျော်ရအုံးမှာပါ။ဒီလိုအခြေအနေမျိုးမှာ “ငါ့ဘဝကြီးက ဆိုးလိုက်တာ၊ ဘယ်သူမှငါ့ကိုအဖတ်မလုပ်ကြတော့ပါလား၊ ငါလိုချင်တာတွေလည်းရမလာပါလား” ဆိုပြီး ညည်းညူနေမယ့်အစား ဒါတွေကိုလက်ခံပြီး ရှေ့ဆက်သွားပါ။

၆ – အဆိုးတွေကို လက်မခံနိုင်ခြင်း

ဘဝမှာ ကောင်းတာတွေကြည့်ပဲ လိုချင်လို့မရပါဘူး။ စာမေးပွဲအောင်ချင်ရင် စာကျက်ရတဲ့ဒုက္ခကို လက်ခံရပါမယ်။တောင်ထိပ်ကို ရောက်ချင်ရင် ကြမ်းတမ်းတဲ့ တောင်တက်ခရီးကို လက်ခံရပါမယ်။ မအောင်မြင်ခင် ကျရှုံးမှုနဲ့ ကြုံတွေ့ရမှာပါ။
ဘဝမှာ သင့်ဘဝထဲကို ဒုက္ခတွေ၊အဆိုးတရားတွေ ဝင်ရောက်လာရင် ကျေကျေနပ်နပ်ကြီး လက်ခံဖို့ ပြင်ဆင်ထားပါ။ဒုက္ခတွေ၊ အဆိုးတွေကို လက်ခံလာနိုင်တဲ့ တစ်နေ့ဟာ သင်အောင်မြင်လာတဲ့နေ့ပါပဲ။

၇ – စာဖတ်ရမှာကို ပျင်းနေခြင်း

အတိတ်မှာ ဘာပဲဖြစ်ခဲ့ပါစေ၊ ရောက်လာမယ့် နှစ်တွေ ရက်တွေမှာအုပ်တွေ ဖတ်နိုင်အောင် ကြိုးစားပြီး အသက်ရှင်သွားသင့်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*