ကိစ္စတချို့ပြောပြီး အတ္တသမားတွေကို ဒဲ့ဝုန်းလိုက်တဲ့ ကိုမောင်မောင်အေး

ရွေးကောက်ပွဲမတိုင်ခင်ကာလတွေတုန်းက FB မှာ Follower သိန်း သန်းချီရှိတဲ့ လူသိများတဲ့အကောင့်ပိုင်ရှင်တွေဆီဟိုပါတီ ဒီပါတီတွေက ကြိုက်ဈေးဖွင့်ပါ.. တောင်းသလောက်ပေးပါမယ်…

သူတို့ပါတီကို မဲဆွယ်ပေးပါဆိုပြီး ကမ်းလှမ်းကြတာမှာ လူမုန်းများမှာကြောက်လို့ ဘယ်ဖက်မှ မပါချင်လို့ ငြင်းလိုက်ကြတဲ့သူတွေရှိကြတာဘယ်သူတွေလဲဆိုတာ သတင်းတွေပျံ့ပြီး မကြားချင်မှအဆုံး…

အဲ့ဒီလူတွေက အနိမ့်ဆုံးအဆင့် “ နိုင်ငံသားတိုင်းမဲပေးကြစို့ “ ဆိုတဲ့ အသိပညာပေးလှုံ့ဆော်ရေးကိစ္စတွေမှာတောင် ဝင်မပါဘဲ လက်ရှောင်နေခဲ့ကြတယ်…မှတ်မှတ်ရရ No Vote တွေဆူညံနေတဲ့ကာလတခုမှာ So-called ဆယ်လီတယောက်ဆီ လူငယ်တွေကို

ဘယ်ပါတီဖြစ်ဖြစ် မဲတော့ ပေးဖြစ်အောင်ပေးကြဖို့စည်းရုံးအသိပေး ပေးပါလားလို့ အကူညီတောင်းဖူးတာကို မသိသလိုနဲ့ နေခဲ့ကြတယ်…ဘာတဲ့.. နိုင်ငံရေးလုပ်ရင် လူမုန်းခံရမှာစိုးလို့ တဲ့ …အဟင်း…

ဒီမိုကရေစီမို့လို့ ကိုယ့်လွတ်လပ်ခွင့်အရ ကိုယ်မလုပ်ချင်တာ မလုပ်ခွင့်ရှိတဲ့အတွက် နားလည်ပေးလို့ရပေတဲ့…အဲ့လိုလူတွေ NLD ဘက်ကနေ မဲမဆွယ်ပေးခဲ့တာ မပြောနဲ့ …၁၈ နှစ်ပြည့်သူတိုင်းမဲပေးကြစို့ ဆိုတဲ့ ကမ်ပိန်းတွေတောင် မလုပ်ပေးလိုက်တာ

သိပ်ကိုကျေးဇူးတင်လို့မဆုံးဘူး…

ထပ်ပြောပါရစေ… သိပ်ကိုကျေးဇူးတင်တယ်…နို့မို့ဆို ဒီအောင်နိုင်ရေးမှာ သူတို့လည်းလုပ်ပေးလိုက်လို့ပါကွာဆိုတဲ့ အချိုးတွေနဲ့ ဂုဏ်ဆာမဆုံးဖြစ်နေတော့မှာသေချာတယ်…အဲ့အခါကျရင် ကိုယ့်စိတ် ကိုယ့်သဘောနဲ့ လိုလိုချင်ချင် စိတ်အား ကိုယ်အားနဲ့ မဲဆွယ်ပေးခဲ့ကြတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ / အနုပညာရှင်တွေ နဲ့ ပြည်သူတွေက ဘာရယ်မဟုတ် အနည်းနဲ့အများတော့ အားနာပါးနာနဲ့ ကျေးဇူးတွေ အကြွေးတင်ပေးနေရဦးမယ် …

ပြည်သူကျွေးတဲ့ထမင်းကိုစားတဲ့အတွက် ပြည်သူတွေကိုပြန်ကျေးဇူးဆပ်ရမယ် ဘာညာဆိုတဲ့ ပေါတောတော ကျေးဇူးစား ကျေးဇူးခံ ဒိုင်ကြောင်တွေနဲ့ သုံးနေကျသူတွေကတကယ်အရေးကြုံလို့ ကိုယ့်ပြည်သူတွေအပေါ် ရင်ဝယ်သားလို ဂရုတစိုက်တန်ဖိုးထားနေတဲ့ ခေါင်းဆောင်ကောင်းရဲ့ အောက်မှာနေ နေရတာတောင်

ဒီလိုကောင်းမွန်တဲ့အစိုးရ ကိုနောက်သက်တမ်းတွေမှာလည်းဆက်လက် တည်ရှိနေဖို့အတွက် အားပေးဖို့ရာ တာဝန်မဲ့တဲ့ …နိုင်ငံ့သားကောင်းတာဝန်မယူရဲတဲ့ တကိုယ်ကောင်း အတ္တသမားစစ်စစ်တွေ…အခုများတော့ သိပ်စိတ်ချမ်းသာရတယ်…

ပြည်သူတွေကိုသာ အားကိုးပါတယ်ဆိုတဲ့ လူထုခေါင်းဆောင်ရဲ့စကားနဲ့ ပြည်သူစစ်စစ်တယောက်ချင်းစီရဲ့ စုပေါင်းအားနဲ့ ရခဲ့တဲ့အောင်ပွဲ…မင်းတို့လို အတ္တသမားတွေက ကိုယ်နဲ့မဆိုင်သလိုဘေးထွက်နေပေးခဲ့တဲ့ချိန်မှာ ရခဲ့တဲ့ ပြည်သူ့အောင်ပွဲစစ်စစ်မို့လို့ ပိုပျော်တယ်…(ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကလည်း ပြည်သူနဲ့တသားတည်းခံယူထားကြသူတွေမို့လို့ သူတို့ကိုပါ ပြည်သူစာရင်းထဲသွင်းထားတယ် )

သိပ်မြိန်တယ်… သိပ်အားရတယ်… သိပ်ကျေနပ်တယ်…နောက်ရွေးကောက်ပွဲတွေမှာလည်း အခုတိုင်းလေးသာဆက်နေပေးသွားပါ…မင်းတို့ပါ နေထိုင်နေတဲ့တိုင်းပြည်ကြီး ကောင်းစားရေးအတွက် ပြည်သူတွေကပဲ အမှန်တရားကို ထောက်ခံပေးရင်းပြည်သူ့ပါတီစစ်စစ်ကို ဆက်လက်ရွေးချယ်ပေးသွားပါလိမ့်မယ်…

အသက်ကြီး အိုမင်းလာချိန် တနေ့ ကိုယ့်မြေးမြစ်တွေ မေးလာတဲ့အချိန်ကျ တိုင်းပြည်အခက်ကြုံချိန်မှာကိုယ်ဘယ်လိုဘေးထွက်နေခဲ့တယ်ဆိုတာတော့ မကွယ်မဝှက် အမှန်အတိုင်းပြောရဲဖို့သတ္တိရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….

ခပ်ပါးပါးဆုတ်မိသောဘောက်ချာအပိုင်းအစများ

Mg Mg Aye

Be the first to comment

Leave a Reply

Your email address will not be published.


*