မင်္ဂလာပွဲကိုရောက်မလာတဲ့သတို့သားကို ချိန်းကြိုးနဲ့သွားဆွဲခေါ်ခဲ့တဲ့ သတို့သမီး (ရုပ်သံ)

တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး မိန်းကလေးအများစုက စိတ်ကူးယဉ်အိပ်မက် မက်တတ်ကြတာချည်းပါပဲ။ ကိုယ်ရွေးချယ်ထားတဲ့လက်တွဲဖော်နဲ့ တစ်သက်တာ အမှတ်ရနေရမယ့်နေ့လေးမှာ ဝမ်းနည်းစရာကြုံတာမျိုးကိုတော့ ဘယ်မိန်းကလေးမှလိုချင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီအမျိုးသမီးကတော့ တခြားမိန်းကလေးတွေနဲ့ မတူဘူးရယ်လို့ဆိုရပါမယ်။ သူမဟာ မင်္ဂလာပွဲကိုရောက်မလာတဲ့သတို့သားကို မင်္ဂလာဝတ်စုံနဲ့ပဲ အပြင်ထွက်ရှာပြီး တွေ့တဲ့အခါ ချိန်းကြိုးနဲ့ဆွဲပီး မင်္ဂလာပွဲနေရာကို မရမကခေါ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသားဖြစ်သူက လိုက်ဖို့အကြောက်အကန်ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ မင်္ဂလာဝတ်စုံတောင် ဝတ်မထားဘူးလို့ဆိုပါတယ်။ ဒီအဖြစ်ကို အင်တာနက်အသုံးပြုသူတွေက အမျိုးမျိုးထင်ကြေးပေးခဲ့ပြီး တစ်ချို့က အမျိုးသားဖြစ်သူဟာ အတင်းလက်ထပ်ခိုင်းခံရလို့၊ တစ်ချို့ကတော့ စတန့်ထွင်တာသက်သက်ပဲလို့ ထင်ကြေးပေးခဲ့ပါတယ်။ ဗီဒီယိုအပြည့်အစုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*