အများက လိုက်ဖက်မှုမရှိဘူးဆိုပေမဲ့ ၁၀နှစ်ကြာလက်တွဲပြီး လက်ထပ်လိုက်တဲ့စုံတွဲ

အများက လိုက်ဖက်မှုမရှိဘူးဆိုပေမဲ့ ၁၀နှစ်ကြာလက်တွဲပြီး လက်ထပ်လိုက်တဲ့စုံတွဲ

Kudi ဆိုတဲ့ ကောင်လေးဟာ ကိုယ်အလေးချိန် ၂၆၅ ရှိပြီး အရမ်းဝတဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမှာ Puwadol ဆိုတဲ့ သေးသွယ်လှပတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ အများအမြင်မှာ လိုက်ဖက်မှုမရှိဘူးဆိုပေမဲ့ သူတို့နှစ်ယောက်ကတော့ ဆယ်စုနှစ် တစ်စုထိ လက်တွဲမြဲခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။သူတို့အတွဲဟာ ထိုင်းနိုင်ငံကဖြစ်ပြီး

အရမ်းဝတဲ့ Kudi ကို ချစ်စနိုးနဲ့ Puwadol က ”Ball ” လို့ တောင်အမည်ပေးထားပါတယ်။ Puwadol ဟာ သေးသွယ်လှတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန် ၉၇ပေါင်ပဲ ရှိပါတယ်။ ဒါ့ကြောင့် သူ့ချစ်သူ Kudi နဲ့ အတူတူတွဲသွားတဲ့အခါ မျိုးမှာ Kudi က အမြဲလိုလို လှောင်ပြောင်ခံရပါတယ်။

Puwadol ရဲ့ အရွယ်အစားဟာ သူ့ချစ်သူ Kudi ရဲ့ တစ်ဝက်စာတောင် မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဝေဖန်တိုက်ခိုက်မှုတွေကြားက သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လက်တွဲမဖြုတ် ချစ်နေကျတုန်းပါပဲ။

Puwadol ဟာ သူနာပြုအလုပ်လုပ်ကိုင်ပြီး သူ့ရဲ့ ချစ်သူကို ဝိတ်ချဖို့အတွက် စီစဉ်ထားပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဝိတ်မချဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူတို့နှစ်ဦးအတွက် အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ပဲဆိုပြီး ကျန်တာတွေသိပ့်ဂရုမစိုက်ခဲ့ပါဘူး။

Puwadol ဟာ သူ့အတွက်တော့ အရမ်းကိုသစ္စာရှိတဲ့ မိန်းကလေးတစ်ဦးလို့ Kudi က ဆိုပါတယ်။ သူတို့ချစ်သူသက်တမ်း ၁၀နှစ်ကြာပြီးနောက်မှာတော့ လက်ထပ်ဖြစ်ခဲ့ကျပါတယ်။ ယခုအချိန်မှာတော့ Puwadol က သူ့အတွက် လှပတဲ့ သမီးလေး တစ်ယောက်မွေးဖွားပေးခဲ့ပြီးပါပြီ။

သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက အချစ်မှာ မျက်စိမရှိဘူးဆိုတာ အွန်လိုင်းသုံးစွဲသူတွေအားလုံးကို သက်သေပြလိုက်သလိုပဲ တကယ့်ကို ကြည်နူးစရာကောင်းပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*