ဒီလက္ခဏာများရှိနေတဲ့သူတွေက သင့်ကို ဘယ်တော့မှ ထားသွားမယ့်သူတွေမဟုတ်ပါဘူး

လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်အပေါ် ကောင်းလား မကောင်းလားဆိုတာကို အပြုအမူတွေကနေ သိနိုင်ပါတယ်။ ဒီလိုပဲ ကိုယ့်နဲ့ ချစ်ရတဲ့သူတွေမှာလည်း ကိုယ့်အပေါ် ဘယ်လို သဘောထားတဲ့သူလဲဆိုတာကို သူ့ရဲ့

အပြုအမူတွေကလည်း သိနိုင်ပါတယ်နော်။ ကိုယ့်ကို ဘယ်တော့မှ ထားမသွားမယ့် ကိုယ့်ကို ဘယ်တော့မှ လက်မလွှတ်မယ့် ချစ်သူတွေမှာတော့ အခုလို လက္ခဏာရပ်တွေ ရှိနေပါတယ်။

 

(၁) သင့် အရှိအတိုင်းကို လက်ခံတယ်

သူက သင့်ရဲ့ အရှိအတိုင်းကို လက်ခံပါတယ်။ သင်က တခြားသူတွေနဲ့ ခြားနားပြီး ဘယ်သူနဲ့မှ မတူတဲ့သူဆိုတာကို သူက ကောင်းကောင်းကို နားလည် သဘောပေါက်ကြပါတယ်။

သင်ရဲ့ ဆိုးတဲ့အချက်တွေရော ကောင်းတဲ့အချက်တွေ အားလုံးကို မြင်ပြီးရင်တောင်မှ သင့်ကို လက်ခံပြီး ဘယ်တော့ အဝေးကို တွန်းပို့ဖို့ ကြိုးစားကြမှာ မဟုတ်ပါဘူး။

(၂) တခြားသူတွေ ဘာထင်ထင် သူက ဂရုမစိုက်ဘူး

တခြားသူတွေက ဘယ်လို ထင်ထင် သူကတော့ သင့်ကို ဂရုစိုက်မှာပါပဲ။ သင့်အကြောင်းကို ဘယ်လောက်ပဲ ကြားကြား သူက ဝေဖန် အကဲဖြတ်ဖို့ မလုပ်ပါဘူး။ သူ့အနားမှာ ရှိနေတဲ့ သင့်ကိုပဲ ယုံကြည်ပြီး ချစ်နေမှာ ဖြစ်ပါတယ်။ တခြားသူတွေက သူ မဟုတ်တဲ့အတွက် သူကတော့ သင့်အပေါ် ထားတဲ့ သူ့စိတ်အတိုင်းပဲ အမြဲ သင့်အနား ရှိနေမှာ ဖြစ်ပါတယ်။

(၃) သင့်ကို စိတ်ညစ်စရာတွေ မပေးဘူး

သင်က ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို သူက ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် သင့်ကို ခံစားနာကျင်ရမှာတွေကိုလည်း သူက မလိုလားပါဘူး။ သူ့ကြောင့် ထပ်စိတ်ညစ်ရတာမျိုး မဖြစ်စေဘဲ သူနဲ့ ရှိတိုင်း ပျော်ရွှင်နေတာမျိုးကို မြင်ချင်ကြသူတွေလည်း ဖြစ်ပါတယ်။

(၄) သင်က သူ့ရဲ့ ဘဝထဲ အလေးထားရမယ့်သူလို့ သဘောထားတယ်

သူက သင့်အတွက် ဝတ္တရား ရှိတဲ့သူလို့ ခံယူထားပါတယ်။ သင့်ရဲ့ အဆင်ပြေမှု၊ ပျော်ရွှင်မှုနဲ့ ကျန်တဲ့ အခြေအနေတွေမှာပါ မိသားစုလို လက်တွဲဖော်လို သင့်ဘေးနားမှာ ရှိနေပေးဖို့ လိုတယ်လို့လည်း သူတို့က အမြဲ တွေးထားပြီး အကောင်အထည် ဖော်ကြသူတွေ ဖြစ်ပါတယ်။

(၅) သင်က သူ့အတွက် အကောင်းဆုံးသူ ဖြစ်တယ်

သင်က ဘယ်လို အခြေအနေမှာပဲ ရှိနေပါစေ သူကတော့ သင်က သူ့အတွက် အဖိုးအတန်ဆုံးနဲ့ အမြတ်နိုးရဆုံး သူလို့ပဲ တွေးထားသူ ဖြစ်ပါတယ်။ သင်က လွဲပြီး ဘယ်သူကိုမှ ထပ်ရှာမှာ မဟုတ်လို့ သင့်အနားမှာပဲ အမြဲ ရှိနေမယ့်သူလည်း ဖြစ်ပါတယ်။

 

source: auntymay

Be the first to comment

Leave a Reply

Your email address will not be published.


*