မြင်သူတိုင်းဂရုဏာသက်ရတဲ့ သားအမိနှစ်ဦးရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံ

တွစ်တာအသုံးပြုသူဆယ်ကျော်သက်အမျိုးသမီးလေးတစ်ဦးဖြစ်တဲ့ @nanatat07 နဲ့သူမရဲ့မိခင်ဖြစ်သူတို့ဟာ နှစ်စဉ်ဓာတ်ပုံ(၂)ကြိမ်အတူတကွရိုက်ကူးလေ့ရှိကြပါတယ်။ ဒါပေမယ့် သူမနောက်ဆုံးတင်ထားတဲ့ဓာတ်ပုံလေးကိုမြင်ပြီး မြင်သူတိုင်းဟာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။


အဆိုပါဆယ်ကျော်သက်ကောင်မလေးက တွစ်တာပေါ်မှာ “မနေ့က ကျွန်မရဲ့အထက်တန်းကျောင်းပြီးတဲ့ နောက်ဆုံးနေ့ပါ။ (၄)နှစ်လုံးလုံး ပထမဆုံးကျောင်းတက်တဲ့ရက်နဲ့ နောက်ဆုံးကျောင်းပြီးတဲ့ရက်တွေမှာ အမေနဲ့အတူတူဓာတ်ပုံတွေရိုက်ဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးနှစ်မှာတော့ အမေမရှိတော့ပါဘူး။ အမေမရှိတော့ပေမယ့် အမေပေးခဲ့တဲ့ခွန်အားနဲ့ကျွန်မရှင်သန်နေဆဲပါပဲ။ ကျွန်မကြိုးကြိုးစားစားလုပ်ခဲ့တာတွေအကုန်လုံးက အမေ့အတွက်ပါ။” လို့ရေးသားခဲ့ပါတယ်။


သူမရဲ့ဂရုဏာသက်ဖွယ်စာသားလေးတွေနဲ့ ဓာတ်ပုံတွေကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ အားပေးသူ ပြန်ရှဲသူပေါင်း သိန်းချီပြီးရှိခဲ့ပါတယ်။ လူတွေရဲ့စာနာအားပေးစကားတွေကြောင့်လည်း ကျေးဇူးတင်ရကြောင်း ကောင်မလေးက ပြန်လည်ရေးသားခဲ့ပါသေးတယ်။ တချို့ရေးသားထားတဲ့အားပေးစကားတွေကြောင့် မိခင်ဖြစ်သူကိုသတိရပြီး မျက်ရည်ကျရပေမယ့် အမေနဲ့သူမကြားထဲမှာရှိတဲ့သံယောဇဉ်ကို အခုလိုမှတ်တမ်းတင်နိုင်ခဲ့တာ ဝမ်းသာမိကြောင်းလဲ ကောင်မလေးကဆိုခဲ့ပါတယ်။ ကောင်မလေးဟာ မကြာသေးခင်ကမှ အထက်ကျောင်းပြီးထားတဲ့ ဆယ်ကျော်သက်လေးတစ်ဦးသာဖြစ်ပါတယ်။

ပထမနှစ်


ဒုတိယနှစ်

တတိယနှစ်

နောက်ဆုံးနှစ်

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*