McDonald ဆိုင်အပြင်ဘက်မှာဖြာကျနေတဲ့ အလင်းရောင်ကိုအားကိုးပြီး အိမ်စာလုပ်နေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်

အခုသတင်းဟာ ပြီးခဲ့တဲ့၂၀၁၉အစောပိုင်းလောက်ကသတင်းဖြစ်ပြီး inspireဖြစ်စေဖို့ဖော်ပြပေးလိုက်တာပါ။ကလေးတော်တော်များများဟာ အိမ်စာလုပ်ဖို့မဝံ့မရဲဖြစ်ကြပြီး အိမ်စာလုပ်ဖို့လည်း ရှောင်ဖယ်နေတတ်ကြသလိုကျောင်းကိုလုံးဝမသွားချင်ကြတဲ့ကလေးတွေက onlineမှာအချိန်ဖြုန်းခြင်း သို့မဟုတ် ဗီဒီယိုဂိမ်းကစားခြင်းတွေလုပ်တတ်ကြပါတယ်။အဲဒီကလေးတွေက သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုမသိကြပါဘူး။ဖိလစ်ပိုင်နိုင်ငံ Mandaue မြို့က ရည်မှန်းချက်ကြီးတဲ့

Daniel Cabrera အမည်ရှိအသက်၉ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ McDonald စားသောက်ဆိုင်ရဲ့အပြင်ဘက်မှာဖြာကျနေတဲ့အလင်းရောင်နဲ့ ယာယီခုံတန်းရှည်ကိုသုံးပြီး စိတ်ရှည်ရှည်နဲ့ စာလေ့လာနေခဲ့ပါတယ်။သူ့အိမ်စာလုပ်နေတုန်း တစ်ယောက်တည်းလမ်းလျှောက်နေတဲ့Joyce Torrefranca အမည်ရှိဆေးကျောင်းသူတစ်ဦးက တွေ့သွားခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းကြောင့် သူမဓာတ်ပုံရိုက်ကာ Facebook မှာ မျှဝေလိုက်ပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Netizen တွေက Danielရဲ့ဇွဲလုံ့လကိုသဘောကျသွားခဲ့ကြပါတယ်။

Torrefranca က လူအများရဲ့မေတ္တာကိုရခဲ့တာကြောင့် “ရိုးရှင်းတဲ့ဓာတ်ပုံတစ်ပုံက ကြီးမားတဲ့ခြားနားချက်ဖြစ်စေနိုင်တာကို ကျွန်မမသိခဲ့ဘူး။”လို့ဆိုကာ ကျေးဇူးတင်ခဲ့ပါတယ်။ဓာတ်ပုံဝေမျှပေးခဲ့အတွက်ကြောင့် သူမဟာ Danielရဲ့အိပ်မက်ကိုအကောင်အထည်ပေါ်အောင် ကူညီနိုင်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ လူတွေက ကျဉ်းကျုတ်ပြီးနံရံမရှိတဲ့စားသောက်ခန်းထဲမှာနေထိုင်တဲ့ တတိယတန်းကျောင်းသားDaniel တို့မိသားစုကို တွေ့ရှိခဲ့ကြပါတယ်။သူတို့အိမ်ဟောင်းကိုမီးရှို့ပစ်တဲ့ အဖေဖြစ်သူကထောင်ထဲမှာဆုံးသွားခဲ့ပြီး မိသားစုကဆင်းရဲနွမ်းပါးပေမဲ့ Daniel က စာလေ့လာခြင်းကိုမရပ်တန့်ခဲ့ပါဘူး။

အတန်းဖော်တွေလမ်းဘေးမှာကစားနေတုန်း Daniel ဟာ McDonald ဆိုင်ရဲ့အလင်းရောင်ကိုအသုံးပြုပြီး စာကြိုးစားလေ့လာနေခဲ့တာပါ။ခဲတံ၂ချောင်းတည်းသာရှိတဲ့Daniel ဟာ အခြားကျောင်းသားကသူ့ရဲ့ခဲတံကိုခိုးယူခဲ့တာကြောင့် တစ်နေ့ ဆရာဝန် ဒါမှမဟုတ် ရဲတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။တာဝန်ရှိတဲ့နိုင်ငံသားတွေက Daniel ရဲ့ပညာရေးရန်ပုံငွေအတွက် ဖောင်ဒေးရှင်းတစ်ခုကိုထောင်ပေးခဲ့ပြီး သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ အရာထင်သွားခဲ့ပါတယ်။လှူဒါန်းမှုမှာ PHP ၂၂,၉၀၀ (အမေရိကန်ဒေါ်လာ ၅၀၇ ခန့်)ရှိခဲ့ပြီး သူ့ရဲ့ကျောင်းလိုအပ်ချက်တွေအတွက် PHP ၅၀,၀၀၀(ဒေါ်လာ ၁၁၀၇ ခန့်)ရရှိခဲ့ပါတယ်။ဒီတော့ ဘဝရဲ့ အကြီးမြတ်ဆုံးသင်ခန်းစာတွေကို ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဆီမှမဟုတ်ဘဲ Danielလို လုံလဝီရိယကောင်းတဲ့လူတွေဆီကနေလည်း သင်ယူလေ့လာနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*