ဒီလို လူမျိုးတွေနဲ့ လုံး၀ ခရီးအတူမသွားသင့်ပါဘူးနော်

ခရီးသွားဖို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တိုင်ပင်ဖူး သွားဖူးပါသလား ? အတွေ့အကြုံက ဘယ်လိုလဲ? ခရီးသွားရတာကို လူတိုင်းက  ကြိုက်ကြပါတယ်။ အလုပ်ကိစ္စနဲ့ ဖြစ်ဖြစ်  အပန်းဖြေခရီး   စွန့်စား  ခရီးသွားတာဖြစ်ဖြစ် ပလန်ချပြီး အဖော်နဲ့ သွားမှ ပိုပျော်စရာကောင်းပြီး အမှတ်တရတွေ ဖန်တီးနိုင် မှတ်တမ်းတင်နိုင်မှာပါ ။ခရီးသွားတဲ့လူတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းကမတူညီကြပါဘူး။ အကြိုက်ချင်းတူတဲ့ လူတွေစုပေါင်းပြီး ခရီးသွားရတာက စိတ်ပျော်စေမှာ ဖြစ်ပါတယ်။

ဘာပြောပြော ခရီးသွားတဲ့အချိန်မှာ အတူတူမသွားသင့်တဲ့ လူမျိုးတွေရှိပါတယ်။  ခရီးစဉ်ကို တမင်ဖျက်လိုဖျက်စီးလုပ်ချင်တဲ့ စိတ်မရှိပေမယ့် သူတို့တွေရဲ့ အျက်သ့လေးတွေက ခရီးသွားဖော်တွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဘယ်လိုလူတွေလဲ ဆိုတာ ကြည့်လိုက်ရအောင် ။

အပျင်းကြီး အအိပ်မက်သူများ

ဘယ်သွားမယ် ဘယ်လာမယ် ဆိုပြီး ပြင်ဆင်ထားပေမယ့် အချိန်မှီမထနိုင်တာ အဆင်သင့်မဖြစ်တာတွေက သင့်တို့ရဲ့ ပျော်စရာ ခရီးစဉ်ကို စိတ်အနှောက်အယှက် ပေးမှာကတော့ သေချာပါတယ်။နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုသလို အပျင်းကြီးလွန်းသူတွေက တကယ်တော့ သစ္စာဖောက်လေးတွေပါ

အစားအသောက် ဂျီးများသူ

တစ်ချို့ခရီးစဉ်တွေက ဇိမ်ခံတဲ့ခရီးစဉ်တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ပြီးတော့ တစ်ချို့နေရာတွေက အစားအသောက် အကန့်အသက်ရှိတဲ့နေရာတွေ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးတွေမှာ အစားအသောက် ဂျီးများသူတွေကို ခေါ်သွားလိုက်ရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒီလိုလူမျိုးတွေနဲ့ ခရီးသွားမယ်ဆိုရင် စားသောက်ဆိုင်ရွေးနေရတာနဲ့တင် တစ်နေကုန်သွားနိုင်ပါတယ်။

 

အကောင်းမမြင် ညည်းတွားတတ်သူများ

ဘယ်အရာကိုမဆို အကောင်းမြင်တတ်တဲ့  ဒီလိုလူတွေက အာရုံပေးနိုင်ပါတယ်။ စီးလာတဲ့ကားကအစ တည်းတဲ့အခန်းကအဆုံး အပြစ်ရှာပြီး ညည်းပြနေတက်တဲ့သူမျိုးပါ။ ခရီစဉ်တခုမှာ ဒီလိုလူမျိုးပါရင်လည်း စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ဘယ်လိုတွေပဲ စီစဉ်ပေးပေမယ့် စိတ်တိုင်းမကျဘဲ ညည်းလွန်းတာကြောင့် ခရီးစဉ်မှာ ကိုယ်ပါ မပျော်မရွှင် ဖြစ်ရတတ်ပါတယ်။

 

Relationship အတွဲ

 

နှစ်ယောက်စလုံးနဲ့ဖြစ်စေ တစ်ယောက်ချင်းစီနဲ့ဖြစ်စေ ဘယ်လိုမှတွဲသွားလို့အဆင်မပြေတဲ့သူတွေပါ။ သူတို့နဲ့ အတူသွားမယ်ဆိုရင် အနည်းဆုံးတော့ စုံတွဲပုံလေးတွေ ရိုက်ပေးဖို့သာပြင်ထားပါ။ ပြီးတော့ ခရီးသွားရတာ သူတို့ရဲ့အရိပ်အကဲလည်း ကည့်ရပါသေးတယ်။ စုံတွဲတို့ သဘာဝအတိုင်း အခန့်မသင့်တာတခုခုရှိရင် စိတ်ဆိုးစိတ်ကောင် ရန်ဖြစ်တက်ကြတယ်။ ဒါတွေက ခရီးစဉ်မှာ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။

 

ရည်းစားရှိတဲ့သူကို တစ်ယောက်ထည်းခေါ်ထုတ်သွားရင်လည်း သိပ်ပြီးအဆင်မပြေလှဘူး။ ချစ်သူရည်းစားနဲ့ ဖုန်းပြောရတာတွေ တနေရာရာရောက်ရင် အကြောင်းကြား မက်ဆေ့ ပို့နေရတာတွေ Video call ခေါ်ပြရတာတွေနဲ့ ခရီးသွားဖော်တွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုလူမျိုးတွေနဲ့ ဖြစ်နိူင်ရင် ခရီးအတူမသွားပါနဲ့။သင်ကရော ဘယ်လိုခရီးသွားဖော်တွေနဲ့ သွားဖူးလဲ အတွေ့အကြုံကို မျှဝေသွားပါဦး ။

 

zaw gyi version

ခရီးသြားဖို႔ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ တိုင္ပင္ဖူး သြားဖူးပါသလား ? အေတြ႕အႀကဳံက ဘယ္လိုလဲ? ခရီးသြားရတာကို လူတိုင္းက  ႀကိဳက္ၾကပါတယ္။ အလုပ္ကိစၥနဲ႔ ျဖစ္ျဖစ္  အပန္းေျဖခရီး   စြန႔္စား  ခရီးသြားတာျဖစ္ျဖစ္ ပလန္ခ်ၿပီး အေဖာ္နဲ႔ သြားမွ ပိုေပ်ာ္စရာေကာင္းၿပီး အမွတ္တရေတြ ဖန္တီးႏိုင္ မွတ္တမ္းတင္ႏိုင္မွာပါ ။ခရီးသြားတဲ့လူေတြမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္ခ်င္းကမတူညီၾကပါဘူး။ အႀကိဳက္ခ်င္းတူတဲ့ လူေတြစုေပါင္းၿပီး ခရီးသြားရတာက စိတ္ေပ်ာ္ေစမွာ ျဖစ္ပါတယ္။

ဘာေျပာေျပာ ခရီးသြားတဲ့အခ်ိန္မွာ အတူတူမသြားသင့္တဲ့ လူမ်ိဳးေတြရွိပါတယ္။  ခရီးစဥ္ကို တမင္ဖ်က္လိုဖ်က္စီးလုပ္ခ်င္တဲ့ စိတ္မရွိေပမယ့္ သူတို႔ေတြရဲ႕ အ်က္သ့ေလးေတြက ခရီးသြားေဖာ္ေတြကို စိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဘယ္လိုလူေတြလဲ ဆိုတာ ၾကည့္လိုက္ရေအာင္ ။

 

အပ်င္းႀကီး အအိပ္မက္သူမ်ား

ဘယ္သြားမယ္ ဘယ္လာမယ္ ဆိုၿပီး ျပင္ဆင္ထားေပမယ့္ အခ်ိန္မွီမထႏိုင္တာ အဆင္သင့္မျဖစ္တာေတြက သင့္တို႔ရဲ႕ ေပ်ာ္စရာ ခရီးစဥ္ကို စိတ္အေႏွာက္အယွက္ ေပးမွာကေတာ့ ေသခ်ာပါတယ္။
ေနာက္က်တဲ့ ေျခေထာက္ သစၥာေဖာက္ဆိုသလို အပ်င္းႀကီးလြန္းသူေတြက တကယ္ေတာ့ သစၥာေဖာက္ေလးေတြပါ ။

 

အစားအေသာက္ ဂ်ီးမ်ားသူ

တစ္ခ်ိဳ႕ခရီးစဥ္ေတြက ဇိမ္ခံတဲ့ခရီးစဥ္ေတြျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ တစ္ခ်ိဳ႕ေနရာေတြက အစားအေသာက္ အကန႔္အသက္ရွိတဲ့ေနရာေတြ ျဖစ္ေကာင္းျဖစ္ေနပါလိမ့္မယ္။ ဒီလိုအေျခအေနမ်ိဳးေတြမွာ အစားအေသာက္ ဂ်ီးမ်ားသူေတြကို ေခၚသြားလိုက္ရင္ ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။ ဒီလိုလူမ်ိဳးေတြနဲ႔ ခရီးသြားမယ္ဆိုရင္ စားေသာက္ဆိုင္ေ႐ြးေနရတာနဲ႔တင္ တစ္ေနကုန္သြားႏိုင္ပါတယ္။

 

အေကာင္းမျမင္ ညည္းတြားတတ္သူမ်ား

ဘယ္အရာကိုမဆို အေကာင္းျမင္တတ္တဲ့  ဒီလိုလူေတြက အာ႐ုံေပးႏိုင္ပါတယ္။ စီးလာတဲ့ကားကအစ တည္းတဲ့အခန္းကအဆုံး အျပစ္ရွာၿပီး ညည္းျပေနတက္တဲ့သူမ်ိဳးပါ။ ခရီစဥ္တခုမွာ ဒီလိုလူမ်ိဳးပါရင္လည္း စိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္။ ဘယ္လိုေတြပဲ စီစဥ္ေပးေပမယ့္ စိတ္တိုင္းမက်ဘဲ ညည္းလြန္းတာေၾကာင့္ ခရီးစဥ္မွာ ကိုယ္ပါ မေပ်ာ္မ႐ႊင္ ျဖစ္ရတတ္ပါတယ္။

 

Relationship အတြဲ

ႏွစ္ေယာက္စလုံးနဲ႔ျဖစ္ေစ တစ္ေယာက္ခ်င္းစီနဲ႔ျဖစ္ေစ ဘယ္လိုမွတြဲသြားလို႔အဆင္မေျပတဲ့သူေတြပါ။ သူတို႔နဲ႔ အတူသြားမယ္ဆိုရင္ အနည္းဆုံးေတာ့ စုံတြဲပုံေလးေတြ ႐ိုက္ေပးဖို႔သာျပင္ထားပါ။ ၿပီးေတာ့ ခရီးသြားရတာ သူတို႔ရဲ႕အရိပ္အကဲလည္း ကည့္ရပါေသးတယ္။ စုံတြဲတို႔ သဘာဝအတိုင္း အခန႔္မသင့္တာတခုခုရွိရင္ စိတ္ဆိုးစိတ္ေကာင္ ရန္ျဖစ္တက္ၾကတယ္။ ဒါေတြက ခရီးစဥ္မွာ စိတ္အေႏွာက္အယွက္ ျဖစ္ေစပါတယ္။

ရည္းစားရွိတဲ့သူကို တစ္ေယာက္ထည္းေခၚထုတ္သြားရင္လည္း သိပ္ၿပီးအဆင္မေျပလွဘူး။ ခ်စ္သူရည္းစားနဲ႔ ဖုန္းေျပာရတာေတြ တေနရာရာေရာက္ရင္ အေၾကာင္းၾကား မက္ေဆ့ ပို႔ေနရတာေတြ Video call ေခၚျပရတာေတြနဲ႔ ခရီးသြားေဖာ္ေတြကို စိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဒီလိုလူမ်ိဳးေတြနဲ႔ ျဖစ္ႏိူင္ရင္ ခရီးအတူမသြားပါနဲ႔။

 

သင္ကေရာ ဘယ္လိုခရီးသြားေဖာ္ေတြနဲ႔ သြားဖူးလဲ အေတြ႕အႀကဳံကို မွ်ေဝသြားပါဦး ။

Be the first to comment

Leave a Reply

Your email address will not be published.


*