အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ပြီး ယူခါနီးမှ သူဌေးကြီးဖြစ်နေမှန်းသိလိုက်ရတဲ့ ဗီယမ်နန်အမျိုးသမီး

အွန်းလိုင်းကနေ ချစ်သူရည်းစားထားလို့ ဒုက္ခရောက်သွားတဲ့ အကြောင်းတွေ တစ်နေ့ကို တစ်မျိုးနည်းပါလောက် မရိုးနိုင်အောင် ကြားဖူးကြမှာပါ။ ဒါပေမဲ့ အခု သတင်းလေးကတော့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်ပါပဲ။

အွန်လိုင်းကနေ ချစ်သူရည်းစားထားလို့ ဒုက္ခတွေ့ပြီး နောင်တတွေရသွားကြတဲ့ သူတွေရှိသလို အွန်လိုင်းကနေပဲ တကယ့်အချစ်စစ်ကိုတွေ့ပြီး ဖူးစားဆုံသွားကြတဲ့သူတွေလည်း အများအပြားရှိပါတယ်။ အခုပြောပြမဲ့ သတင်းလေးကတော့ Long Distance Relationship နဲ့ ၁၀လအကြာ ချစ်ကြိုက်ခဲ့ပြီး လက်ထပ်သွားတဲ့ ဗီယမ်နန်စုံတွဲတစ်တွဲအကြောင်းပဲဖြစ်ပါတယ်။

Baomoi (Via WoB) သတင်းအရ Van Anh ဆိုတဲ့ ဗီယမ်နမ်အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ဟနွိုင်းတက္ကသိုလ်ကနေ သိပ္ပံနဲ့ နည်းပညာဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် Single ဘဝနဲ့ ရပ်တည်နေချိန်မှာပဲ ၂၀၁၆ ခုနှစ်ရောက်တော့ သူမအရမ်း ကြိုက်တဲ့ Idol တစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားတစ်ဦးကို Facebook ပေါ်မှာတွေ့လိုက်ရပါတယ်။

Van Anh ဟာ သူမအရမ်းအသည်းစွဲဖြစ်တဲ့ Idol နဲ့ ခင်မင်ရင်းနှီးချင်တာကြောင့် အဆိုပါ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားကို သူမရဲ့ Idol နဲ့ အကျွမ်းတဝင်ရှိမရှိ၊ တကယ်လို့ ရင်းနှီးတယ်ဆို သူမနဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းမေးမြန်းရာကနေ သူမတို့ရဲ့ ဖူးစာ ဇာတ်လမ်းလေးက စတင်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ အမျိုးသားလည်း သူမရဲ့ Idol နဲ့ မရင်းနှီးဘူးဆိုတဲ့အကြောင်း စာပြန်ပို့ရင်း စကားအပြန်အလှန်ပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် တဖြည်းဖြည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလာပြီး အဆက်အသွယ်တွေ ရလာခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ဗီယမ်နန်နိုင်ငံသားတစ်ဦးဖြစ်ပြီး သူရဲ့ နာမည်ကDang Tuan လို့ဆိုပါတယ်။

ဒါ့အပြင် သူဟာ ရုရှားမှာနေပြီး အလုပ်လုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးဟာ အွန်လိုင်းကနေ ချစ်သူတွေ ဖြစ်ခဲ့သွားခဲ့ကြပါတယ်။ LDRS နဲ့ ၁၀အကြာတွဲပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါပေမဲ့ Van Anh ရဲ့ မိဘတွေကတော့ အွန်လိုင်းကနေ ချစ်ကြိုက်တဲ့သူဖြစ်တာကြောင့် သဘောမတူဘဲ တားမြစ်ခဲ့ပါတယ်။ ဒီသတင်းကို ကြားတဲ့ Dang Tuan ဟာ သူရဲ့ အချစ်က စင်ကြယ်ပြီး မေတ္တာစစ် မေတ္တာမှန်နဲ့ တကယ်ချစ်ကြောင်း သက်သေပြဖို့အတွက် ရုရှားကနေ ဗီယမ်နမ်ကို လေယာဉ်ခရီးဖြင့် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Van Anh ရဲ့ မိဘတွေဆီမှာ တောင်းရမ်း လက်ထပ်ယူခဲ့ပါတယ်။ Van Anh ရဲ့ မိဘတွေက အစပိုင်းမှာ လက်မခံပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အလျော့မပေးတာကြောင့် လက်ခံလိုက်ရပါတယ်။

မိဘတွေကလည်း သဘောတူလိုက်ပြီးဆိုတော့ Van Anh တစ်ယောက် သူ့ရဲ့ ချစ်သူ Dang Tuan နဲ့ မင်္ဂလာကိစ္စ စီစဉ်ဖို့အတွက် ရုရှားကို လိုက်သွားခဲ့ပါတယ်။ ရုရှားရောက်သွားတဲ့ အခါမှာတော့ သူမအတွက် မယုံနိုင်လောက်အောင် အံ့အားသင့်စရာတစ်ခုနဲ့ကြုံတွေလိုက်ရပါတယ်။ ဒါကတော့ သူမရဲ့ ချစ်သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ချမ်းသာတဲ့

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေတယ်ဆိုတာပါပဲ။ သူမရဲ့ ချစ်သူဟာ နာမည်ကြီး လူကြိုက်များတဲ့ International Fashion Brand တွေရဲ့ အထွေထွေ မန်နေဂျာတစ်ဦးပဲဖြစ်ပါတယ်။ Dang Tuan ဟာသူတို့နှစ်ဦးရဲ့ ဆက်ဆံရေးမှား အတားအဆီဖြစ်မှာဆိုးတဲ့အတွက် သူရဲ့ ချမ်းသာကြွယ်ဝမှုကို ချစ်သူရည်းစားသက်တမ်းတစ်လျှောက်လုံး ဖွင့်မပြောဘဲ ဖုံးကွယ်ခဲ့တာဖြစ်ပါတယ်။

အွန်းလိုင်းကနေ ဖူးစာဆုံတဲ့ ကြည်နူးစရာ သူတို့စုံတွဲရဲ့ မင်္ဂလာဆောင်ကို ၂၀၁၇ခုနှစ် ၉လပိုင်းမှာ ဟနွိုင်းရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီနောက် ရုရှားမှာပဲ အခြေချနေထိုင်ပြီး အခုဆို ကြည်နူးစရာဘဝလေးထဲ သားသားမီးမီးလေးတွေပါ ဝင်လာနေပြီလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*