
ထူးဆန်းတဲ့ဒီတိမ်ပုံသဏ္ဍာန်အရာကြောင့် လူအများအပြားနီးစပ်ရာအဆောက်အအုံတွေထဲ ဝင်ပြေးခဲ့ရတယ်ဆိုပါတယ်။
ဇင်ဘာဘွေနိုင်ငံ၊ Kitwe အရပ်မှာရှိတဲ့ Mukuba Mall အနီးမှာ ပေါ်လာခဲ့တာဖြစ်ပြီး အရှည်အနေနဲ့ ၁ဝဝမီတာကျော် ( ၃၃၀ ပေ ) ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ တိမ်ပုံသဏ္ဍာန်ရှိတဲ့ အဆိုပါအရာဟာ ဖော်ပြထားတဲ့ပုံအရ စျေးဝယ်စင်တာကို ငုံ့ကြည့်နေတဲ့ပုံပေါက်ပြီး လူအများအပြားဟာ နီးစပ်ရာနေရာဆီပြေးဝင်ခဲ့ကြပါတယ်။
မျက်မြင်ကိုယ်တွေ့ကြုံသူပြောပြချက်အရ အဆိုပါလူပုံစံတိမ်ဟာ မိနစ်သုံးဆယ်နီးပါးရှိနေခဲ့ပြီး လူအများအပြားဟာ ဘုရားစာရွတ်ဆိုတာ၊ ဓာတ်ပုံရိုက်တာတွေ အလျင်အမြန်ပြုလုပ်ခဲ့ကြပေမယ့် တော်တော်များများကတော့ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Leave a Reply