၀မ်းချုပ်ပြီး ကျောအောင့်လာတယ်ဆိုလို့ ဆရာဝန်သွားပြရာမှာ ထိတ်လန့်စရာရောဂါတစ်မျိုးကို တွေ့ရှိခဲ့

သင့်ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုထူးခြားတာမျိုးဖြစ်နေပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်ဆီမှာ သွားရောက်စစ်ဆေးကြည့်တာပါပဲ။ပိုက်ဆံသက်သာအောင် အင်တာနက်မှာ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ဗဟုသုတတွေရှာဖွေပြီး ကိုယ့်ဘာသာ ဆေးဝယ်သောက်ကြတာတွေလည်းရှိတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူ Christine Ching ဟာ ဝမ်းချုပ်လာပြီး ခါးနောက်ကျောမှနာကျင်ကာ ဝမ်းဗိုက်တစ်လျှောက်အောင့်လာခဲ့တယ်။ နောက်ပိုင်း သူမဝမ်းဗိုက်တစ်ခုလုံးကြွတက်လာတော့ သူငယ်ချင်းနဲ့မိသားစုတွေက ဆရာဝန်ဆီခေါ်သွားခဲ့တယ်။

ဖောင်းပွလာတဲ့ သူမရဲ့ဝမ်းဗိုက်ကိုကြည့်ပြီး အတွင်းပိုင်းရောဂါတစ်ခုဖြစ်နေတာလို့ ဆရာဝန်ကပြောပါတယ်။ Ching ကို စစ်ဆေးပြီးနောက် သူမဝမ်းဗိုက်မှာ အကြိတ်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ်။ နောက်တော့ သူမကို CT scan ၊ ဓာတ်မှန်ရိုက်၊ သွေးစစ်မှုတွေ အများကြီးလုပ်ရပါတော့တယ်။

ဓာတ်မှန်ရိုက်ပြီးချိန်မှာ Ching တွင် ၁၉စင်တီမီတာရှည်တဲ့ အကြိတ်တစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရလဒ်အပေါ်မူတည်ပြီး ခွဲစိတ်မှုပြုလုပ်ရမယ်လို့သိရပါတယ်။ ထိုအကြိတ်ကို အောင်မြင်စွာခွဲထုတ်နိုင်ဖို့ ၅၀ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့သိရပါတယ်။

အပတ်အနည်းငယ်ကြာပြီးနောက်မှာ Ching ရဲ့ခွဲစိတ်မှုပြီးသွားခဲ့ပါတယ်။ ထိုကဲ့သို့အကြိတ်မျိုးက ကင်ဆာအမျိုးစားဖြစ်ပါတယ်။ ၂၂နှစ်မှာ Ching သားအိမ်ကင်ဆာ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့အကြောင်းအရာကို အွန်လိုင်းပေါ်မှာပြန်လည်မျှဝေပြီး အခြားမိန်းကလေးတွေလည်း ဆင်ခြင်နေနိုင်အောင်သတိပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*