ချစ်သူအတွက် ဒေါ်လာသန်းပေါင်းများစွာ ဖြုန်းတီးခဲ့ပြီး ငွေပြန်မဆပ်နိုင်တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သူဌေးသား

တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့တော်မှ အသက်၂၉နှစ်အရွယ် Zhang Xiaoen အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မော်ဒယ်နဲ့live-streamerတစ်ဦးဖြစ်တဲ့ချစ်သူကောင်မလေးအတွက် ဒေါ်လာသန်းပေါင်းများစွာ

အကုန်အကျခံခဲ့ပြီးနောက် တရားရုံးမှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ Zhang ဟာ ချမ်းသာကြွယ်ဝတဲ့တရုတ်မိသားစုမှမွေးဖွားခဲ့ပြီး သူလိုချင်တဲ့အရာမှန်တမျှအတွက် ငွေအမြောက်အများသုံးစွဲခြင်းရဲ့ဇိမ်ခံတဲ့ဘဝပုံစံနဲ့အကျွမ်းတဝင်ရှိခဲ့တာပါ။

ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့၂နှစ်တုန်းက Yang Yizhenအမည်ရှိတဲ့အလွတ်တန်းမော်ဒယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူဟာ ငွေကြေးပိုင်းဆိုင်ရာကို မှားယွင်းစွာ သုံးစွဲခဲ့ကြောင်း တရုတ်မီဒီယာတစ်ခုကဖော်ပြထားပါတယ်။

Zhangဟာ ဒီဇိုင်းနာချူပ်အဝတ်အစား၊လက်ဝတ်ရတနာ၊ကားတွေ နဲ့ဒူဘိုင်းသို့အကုန်အကျများတဲ့ခရီးစဉ် စတဲ့တန်ဖိုးကြီးလက်ဆောင်တွေနဲ့ Yangကို အမြဲဆွဲဆောင်ကာ ပျော်ရွှင်စေခဲ့ပါတယ်။သူက ချမ်းသာကြွယ်ဝတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမဲ့ Yangရဲ့လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ သူဆက်လုပ်ဖို့ သူ့အဖေကုမ္ပဏီမှ

ယွမ် သန်း၇၀(သိန်းပေါင်း ၁သိန်း၃သောင်းကျော်) ချေးယူခဲ့ပြီး အဲ့ဒီနောက် သူ့အဖေပိုက်ဆံတွေကို ပြန်ဆပ်ဖို့ ချမ်းသာတဲ့သူ့အပေါင်းအသင်းတွေထံမှ ပိုက်ဆံတွေနဲ့အလောင်းအစားလုပ်ခဲ့ပေမဲ့ နောက်ဆုံး ယွမ် သန်း ၁၇၀(သိန်းပေါင်း ၃သိန်း၂သောင်းကျော်)အထိ အလောင်းအစား ရှုံးသွားခဲ့ပါတယ်။

Zhangဟာ သူချေးထားတဲ့ပိုက်ဆံတွေအားလုံးကို ပြန်မဆပ်နိုင်တဲ့အတွက် အကြွေးရှင်တွေက ရဲကို တိုင်ကြားခဲ့ကြပါတယ်။နောက်ဆုံးအဖမ်းခံခဲ့ရပြီး Zhangက သူ့ရဲ့ဘဏ္ဍငွေစီမံခန့်ခွဲမှုမှာဘယ်လောက်ညံ့ဖျင်းကြောင်းဝန်ခံခဲ့ပြီး သူ့ရည်းစားက သူမနဲ့အတူ အလောင်းအစားလုပ်ဖို့ အားပေးခဲ့ကြောင်း သူ့ရည်းစားကို အပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။

Zhangဟာ သူ့ရဲ့လက်ရှိရည်းစားဟောင်း Yangက သူ့အား အမှုတစ်ခုပြုလုပ်ဖို့ အစိုးရရှေ့နေတွေနဲ့ပူးပေါင်းခဲ့ပြီးနောက်တော့ လိမ်လည်မှုဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။Yangကတော့ လက်ရှိ social media မှာ တစ်ခြားအမျိုးသားတွေနဲ့လည်း ထပ်ပြီး ပလူပျံမြဲ ပျံနေဆဲပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*