“လူမှုကူညီရေးကားနဲ့ တိုက်မိလို့ ကွယ်လွန်သွားတဲ့ လူငယ်လေးရဲ့ နောက်ဆုံးခရီးမှာ လူမှုကူညီရေး အသင်းသားတွေက ဒူးထောက်တောင်းပန်”

လူမှုကူညီရေးယာဉ်နှင့်ထိခိုက်မိ၍ သေဆုံးသွားသူ၏ နောက်ဆုံးခရီး၌ ဒူးထောက်၍ တောင်းပန်ခဲ့ကြသည့် မြိုတ်မြို့ရှိ လူမှုကူညီရေးအသင်းသူ/အသင်းသားများတနင်္သာရီတိုင်း၊မြိတ်မြို့၌ ကိုဗစ္ ရောဂါရှိသူနှင့်ထိတွေ့ခဲ့သူတစ်ဦးကို လူမှုကူညီရေးအသင်းသွားရောက်ခေါ်ဆောင်စဉ် မြို့အတွင်းရှိ မီးပွိုင့်တစ်ခု၌ ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်းသေဆုံးခဲ့သည်။အဆိုပါ သေဆုံးမှုကို မြိတ်မြို့ရှိ လူမှုကူညီရေးအဖွဲ့များရှိ လူမှုကူညီရေး အသင်းသူ/အသင်းသားများက သေဆုံးသူ၏ နောက်ဆုံးခရီး၌ ခွင့်လွှတ်ပေးရန် ဒူးထောက်၍ တောင်းပန်ခဲ့ကြသည်။

“ကိုဗစ္ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတစ်ဦးကို သွားခေါ်တဲ့ ယာဉ်နဲ့ မီးပွိုင့်မှာ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးနဲ့ တိုက်မိပြီး ကောင်လေးဆုံးသွားတယ်။ဆုံးသွားတော့ သူ့ရဲ့နာရေးမှာ နာရေးကူညီမှု အသင်းအားလုံးက ဒူးထောက်ပြီး သုသာန်အဝင်မှာ တောင်းပန်တာပါ”လို့ မြိတ်မြို့ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက PeopleMedia ကို ပြောသည်။

(ကွယ်လွန်သွားတဲ့ လူငယ်လေး၊ သူ့ရဲ့ ဆိုင်ကယ်နဲ့ တိုက်မိတဲ့ ပရဟိတကား)ထို့အတူ အဆိုပါ သေဆုံးမှု ဖြစ်စဉ်အပေါ် မြိတ်မြို့ရှိ လူမှုရေးအဖွဲ့ အသင်းသူ/သားများက “စာနာ နားလည်ခွင့်လွှတ်နိုင်ကြပါစေဟု မျော်လင့်ရုံမှတစ်ပါး အခြားမရှိပြီ။စာနာ နားလည်ခွင့်လွှတ်နိုင်ပါစေ။ပြင်သင့်တာကို ပြင်ပါမယ်”စသည်ဖြင့် ၎င်းးတို့၏ FB စာမျက်နှာ၌ ရေးသားထားသည်။

ZawGyi

လူမႈကူညီေရးယာဥ္ႏွင့္ထိခိုက္မိ၍ ေသဆုံးသြားသူ၏ ေနာက္ဆုံးခရီး၌ ဒူးေထာက္၍ ေတာင္းပန္ခဲ့ၾကသည့္ ၿမိဳတ္ၿမိဳ႕ရွိ လူမႈကူညီေရးအသင္းသူ/အသင္းသားမ်ားတနသၤာရီတိုင္း၊ၿမိတ္ၿမိဳ႕၌ ကိုဗစ္ ေရာဂါရွိသူႏွင့္ထိေတြ႕ခဲ့သူတစ္ဦးကို လူမႈကူညီေရးအသင္းသြားေရာက္ေခၚေဆာင္စဥ္ ၿမိဳ႕အတြင္းရွိ မီးပြိဳင့္တစ္ခု၌ ယာဥ္ႏွင့္ ဆိုင္ကယ္တိုက္မိရာ ဆိုင္ကယ္ယာဥ္ေမာင္းေသဆုံးခဲ့သည္။အဆိုပါ ေသဆုံးမႈကို ၿမိတ္ၿမိဳ႕ရွိ လူမႈကူညီေရးအဖြဲ႕မ်ားရွိ လူမႈကူညီေရး အသင္းသူ/အသင္းသားမ်ားက ေသဆုံးသူ၏ ေနာက္ဆုံးခရီး၌ ခြင့္လႊတ္ေပးရန္ ဒူးေထာက္၍ ေတာင္းပန္ခဲ့ၾကသည္။

“ကိုဗစ္ ေရာဂါရွိသူနဲ႔ ထိေတြ႕ခဲ့သူတစ္ဦးကို သြားေခၚတဲ့ ယာဥ္နဲ႔ မီးပြိဳင့္မွာ ဆိုင္ကယ္ေမာင္းတဲ့ ေကာင္ေလးနဲ႔ တိုက္မိၿပီး ေကာင္ေလးဆုံးသြားတယ္။ဆုံးသြားေတာ့ သူ႔ရဲ႕နာေရးမွာ နာေရးကူညီမႈ အသင္းအားလုံးက ဒူးေထာက္ၿပီး သုသာန္အဝင္မွာ ေတာင္းပန္တာပါ”လို႔ ၿမိတ္ၿမိဳ႕ တိုင္းေဒသႀကီး အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးဝင္းထြန္းက PeopleMedia ကို ေျပာသည္။

(ကြယ္လြန္သြားတဲ့ လူငယ္ေလး၊ သူ႔ရဲ႕ ဆိုင္ကယ္နဲ႔ တိုက္မိတဲ့ ပရဟိတကား)ထို႔အတူ အဆိုပါ ေသဆုံးမႈ ျဖစ္စဥ္အေပၚ ၿမိတ္ၿမိဳ႕ရွိ လူမႈေရးအဖြဲ႕ အသင္းသူ/သားမ်ားက “စာနာ နားလည္ခြင့္လႊတ္ႏိုင္ၾကပါေစဟု ေမ်ာ္လင့္႐ုံမွတစ္ပါး အျခားမရွိၿပီ။စာနာ နားလည္ခြင့္လႊတ္ႏိုင္ပါေစ။ျပင္သင့္တာကို ျပင္ပါမယ္”စသည္ျဖင့္ ၎းတို႔၏ FB စာမ်က္ႏွာ၌ ေရးသားထားသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*