
Pengshan ခရိုင်မှ အသက်၃၀ အရွယ် Tian Bo ဟာ Huanglongxi အပန်းဖြေစခန်းမှာရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတာ တစ်နှစ်ရှိနေပါပြီ။ စျေးဝယ်သူတွေကို ပိုဆွဲဆောင်နိုင်စေဖို ့Yigen Mian ခေါက်ဆွဲဆိုင်ဟာ Tian ကတီထွင်ဆန်းသစ်ထားတဲ့ ခေါက်ဆွဲအကနဲ ့တင်ဆက်ပြသဖို ့စီစဉ်ခဲ့ပါတယ်။
အဲ့ဒီအခါမှာ တေးဂီတနဲ ့စည်းချက်ညီစွာ ကပြပေးနိုင်တဲ ့Tian ရဲ ့ခေါက်ဆွဲအကဟာ Tianကို နာမည်ကြီးလာစေပါတယ်။ သူ ့ရဲ ့သူငယ်ချင်းတွေကြားမှာလည်း ခေါက်ဆွဲအကအကြောင်းကိုပဲ ပြောလာကြပါတော့တယ်။
Tian ဟာအများအာရုံစိုက်မှုအောက်မှာ နေရလိမ့်မယ်လို ့မမျှော်လင့်ခဲ့ပေမယ် ့လည်း သူအလုပ်လုပ်တဲ့ ခေါက်ဆွဲဆိုင်ကို စျေးဝယ်သူတွေ အဆက်မပြတ်လာဖို ့ကိုသာ စိတ်အားထက်သန်လျက်ရှိပါတယ်။ဒါကလည်း စျေးဝယ်သူကို ဆွဲဆောင်တဲ့နည်းလမ်းတစ်မျိုးပါပဲနော်။
Leave a Reply